{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588826550095","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588826531388","source":"other","origin":"unknown"}

သူရဲ့ အသက်(၅၀)ပြည့်မွေးနေ့လေးမှာ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးကိုရည်စူးပြီး အလှူဒါန်းပြုလုပ်ခဲ့တဲ့ လူမင်း

Posted on

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး လူမင်းကိုတော့ပရိသတ်ကြီး ခုချိန်ထိ အားပေးချစ်ခင်နေအုံးမယ်ထင်ပါတယ်။လူမင်းကို ပရိသတ်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ လည်းခေါ်ကြတာတွေ့ရပါတယ်။လူမင်းဟာ သရုပ်ဆောင်ပိုင်းမှာလည်း မည်သည့်ဇာတ်ရုပ်ကိုမဆို ပီပြင်အောင်သရုပ်ဆောင်တတ်ပြီး အနုပညာလောကမှာ ဘက်စုံအရည်းချင်းရှိတဲ့ သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲဖြစ်နေရခြင်းဖြစ်ပါတယ်။

လူမင်းဟာ အနုပညာလုပ်ငန်းမှာ အောင်မြင်ရုံသာမကပဲ စိတ်ထားကောင်းတဲ့ ဇနီးချောလေးရယ် ချစ်စရာ သားသားနဲ့မီးမီးလေးတို့နဲ့အတူ သာယာအေးချမ်းတဲ့ မိသားသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။အန်ကယ်လေးဟာ အမြဲတက်ကြွလန်းဆန်းပြီး နုပျိုနေတာလည်းလျို့ဝှက်ချက်တစ်ခုပါပဲနော်။လတ်တလောမှာတော့ ဒီနေ့လေးမှာကျရောက်တဲ့ သူရဲ့မွေးနေ့လေးမှာ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးကို ရည်စူးပြီး အလှူဒါန်းပြုလုပ်ခဲ့တဲ့ အလှူအမှတ်တရ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

အလှူ ပုံရိပ်လေးတွေ ကြည့်ရှုပြီး ကြည်နူးပီတိ ဖြစ်ရတာကြောင့် ပရိသတ်တွေ ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။ရှေ့ဆက်ပြီးလည်း အန်ကယ်လေးရဲ့ အနုပညာလုပ်ငန်းများကို ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်း အောင်မြင်မှုတွေ ရရှိပြီးအေးချမ်းတဲ့မိသားစုလေးကို ထာဝရပိုင်ဆိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Ayarwady Lu Min

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Ayarwady Lu Min