အသက် (၈၆) နှစ်အရွယ် မိခင်ကို ပျော်ရွှင်မှုတွေဖန်တီးပေးခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်တို့ ညီမတွေ

Posted on

ကိုယ်ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တဲ့ မိဘတွေ အိုမင်းမစွမ်းဖြစ်လာတဲ့ အချိန်မှာ သားသမီးတွေဟာ မိဘနေရာ ပြန်ရောက်သွားပြီး ကိုယ့်မိဘကို ကိုယ်သားသမီးလေးလို ပြုစုစောင့်ရှောက်သင့်ပါတယ်။ မခိုင်ကြီးတို့ညီမတွေကတော့ အသက် (၈၆) နှစ်အရွယ် မိခင်ကြီးကို ဂရုစိုက်ပြီး ပျော်ရွှင်အောင်ထားတယ်ဆိုတာ မိခင်ရဲ့အပြုံးတွေက သက်သေပါပဲ။

 

 

အသက်အရွယ်ပိုကြီးလာလေ သားသမီးတွေနဲ့ ပိုပြီးသိုက်သိုက်ဝန်းဝန်းနေချင်တာ လူကြီးတွေရဲ့ သဘာဝပါပဲ။ ဒီလိုအချိန်မှာ သားသမီး တွေအနေနဲ့ မိဘကို ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဖခင်ဖြစ်သူကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ကျန်နေသေးတဲ့ မိခင်ကိုတော့ အကောင်းဆုံး အခိုက်အတန့်တွေနဲ့ ပျော်ရွှင်မှုတွေကို တတ်နိုင်သမျှပေးခဲ့ကြပါတယ်။

 

 

မိဘတွေနဲ့ငယ်စဉ်ကပုံရိပ်လေးတွေအပြင် အခုလက်ရှိမိခင်ကြီးနဲ့အတူ ညစာစားနေတဲ့ ပျော်စရာ ပုံရိပ်လေးတွေကို ” ဖေဖေ ကတော့ မရှိတော့ပါဘူး မေမေ ကတော့ အခု ၈၆ နှစ်ပါ ” ဆိုပြီး မခိုင်ကြီးက လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Htun Aeindra Bo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Htun Aeindra Bo