ချစ်တာကို ထုတ်ဖော်ပြတတ်သူနဲ့ ပဲချစ်ချင်တယ်ဆိုတဲ့ မထက်

Posted on

မြန်မာနိုင်ငံရဲ့ ထိပ်တန်း အလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့ မထက် ကတော့ မိန်းမတစ်ယောက်လို လှပတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ လှပလွန်းတဲ့ မျက်နှာသွင်ပြင်လေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ နာမည်ကျော် မိတ်ကပ် ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့စဉ်က အင်တာဗျူးတွေမှာ မျက်ရည်ကျခဲ့တဲ့ မထက်အတွက် ပရိသတ်တွေကအရမ်းကို စိတ်မကောင်းဖြစ်ခဲ့ကြတာပါ ။

အဲဒီနောက်မှာတော့ မထက် တစ်ယောက် အချစ်သစ်မရှာဘဲ အလုပ်တွေကိုပဲ အာရုံစိုက်နေခဲ့တာဖြစ်ပါတယ် ။ မကြာသေးမီကလည်း ချစ်သူကောင်လေး လို့ယူဆရတဲ့ စုံတွဲပုံတွေကို ပရိသတ်တွေဆီ ချပြလိုက်ပေမယ့်လည်း မောင်နှမ သံယောဇဉ်မျိုးသာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ မထက်တစ်ယောက် Relationship တစ်ခုမှာ အမြဲချစ်တယ်ပြောနေရုံနဲ့ မပြီးပြည့်စုံဘူး ကိုယ်ချစ်တဲ့သူကို ကိုယ့်အချစ်တွေ မြင်အောင်ပြရမယ် ပြီးတော့ ကိုယ်ချစ်တဲ့သူအတွက် အချိန်ပေးရမယ် ဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးမှာ တင်ခဲ့ပြီး အချစ်ကို ထုတ်ပြတတ်တဲ့သူနဲ့ပဲ ချစ်သူဖြစ်ချင်တယ် ဆိုတဲ့ သူမရဲ့ ဆန္ဒလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ် ။

မိန်းမလျာတစ်ယောက်ရဲ့ ဘဝက ဘယ်တော့မှအချစ်ရေးကံမကောင်းနိုင်ဘူးလို့ အင်တာဗျူးတွေမှာ အမြဲဖြေဆိုလေ့ရှိတဲ့ မထက်တစ်ယောက် သူမရဲ့ မသိစိတ်မှာတော့ ကံကောင်းတဲ့အချစ်ရေးမျိုးလေးကို ပိုင်ဆိုင်ချင်နေဟန်တူပါတယ် ပရိသတ်ကြီးရေ ..။ မထက် တစ်ယောက် ကိုယ့်ကိုတကယ်ချစ်မြတ်နိုးပြီး အချစ်တွေ ထုတ်ပြတတ်တဲ့ ချစ်သူမျိုး ပိုင်ဆိုင်နိုင်ပါစေလို့ Cele Zone မှ ဆုတောင်းပေးလိုက်ပါတယ်နော် ..။

Source : Ma Htet
Emily (Cele Zone)