တောင်းပန်ဖို့ နောက်ကျသွားပြီဆိုပေမယ့် ခွင့်လွှတ်ပါတယ်ဆိုတဲ့ နန်းဆုရတီစိုး

Posted on

ကိုရီးယားမင်းသမီးလေး အလားထင်မှတ်ရလောက်အောင် အသားအရည်လှပပြီး လူတိုင်းငေးသွားစေမယ့် အလှတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပဲဖြစ်ပါတယ် ။နန်းဆုကတော့ ရှမ်းတရုတ် ကပြားမလေးဖြစ်ပြီး အချစ်ရေး နဲ့ပတ်သက်လို့ ပရိသတ်တွေက သူမ စိတ်ညစ်နေမှာကို စိုးရိမ်နေကြပေမယ့် နန်းဆုကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး ချစ်ရတဲ့ ပရိသတ်တွေ နဲ့ ပျော်ရွှင်နေသလို တနေ့တခြား ပိုပို အလှတိုးလာနေတာပါနော် ။

မကြာသေးမီကာလ ကလည်း နန်းဆုတစ်ယောက် နွမ်းပါးပြည်သူတွေအတွက် တတ်အားသမျှလှူဒါန်းမှုလေးတွေ ပြုလုပ်နေသလို ပရိသတ်တွေနဲ့လည်း အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ လှုပ်ရှားမှုတိုင်းကို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ အပြန်အလှန်လေးစားမှု တောင်းပန်တယ်လို့ ပြောဖို့ နောက်ကျသွားပြီဆိုပေမယ့် ဒီစကားကိုကြားရတာ ဝမ်းသာပါတယ် ၊ တောင်းပန်တာကို လက်ခံပြီး ခွင့်လွှတ်ပါတယ် လို့ အဓိပ္ပါယ်ရတဲ့ Mutual Respect . It’s already late to say sorry but I’m gald to here that accept and forgive ဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးမှာရေးသားထားတာတွေ့ရပါတယ် ။

နန်းဆုနဲ့ G-fatt တို့ရဲ့ အချစ်ရေးက ပြီးဆုံးသွားပြီဆိုပေမယ့်လည်း မကြာသေးမီကတော့ အချင်းချင်း ကတောက်ကဆ ဖြစ်ရပ်လေးတွေရှိခဲ့တဲ့အတွက် ဒီစာသားက G-fatt ကို ရည်ညွှန်းတာလား ဆိုတာကို ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါတယ် ။ ဘာပဲဖြစ်ဖြစ် နန်းဆုက အခုလို သဘောထားကြီးကြီး ခွင့်လွှတ်ပေးနိုင်တဲ့အတွက် နန်းဆုရဲ့ ပရိသတ်တွေလည်း ကျေနပ်ကြမယ်ထင်ပါတယ် ။

Source : Nansu Yati Soe
Emily (Cele Zone )