ညဖက်ကြီး ပရိသတ်တွေ ဗိုက်ဆာလာအောင် နံရိုးအကြီးကြီးကို စပရှယ်ကိုင်ပြီး စားပြလိုက်တဲ့ တိုင်ရွန်

Posted on

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ရရှိထားတဲ့ ထောင်‌ထောင်မောင်းမောင်း မင်းသားချောကြီး တိုင်ရွန်ကတော့ လူနဲ့ မလိုက်အောင် ပျော်ပျော်နေတတ်သူတစ်ယောက်ပါ။ တက်သစ်စ သရုပ်ဆောင်တစ်ဦး ကနေ သူရဲ့ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိခဲ့ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေသူတစ်ယောက်ပါ။

 

လက်ရှိမှာဆိုရင်လည်း တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကြည့်ရှူခံစားရအုံးမှာပါ။ ပရိသတ်တွေသိတဲ့အတိုင်း စမတ်ကျပြီး မောမကြည့်ရဲလောက်အောင် နိုင်ငံခြားမင်းသားတွေလို အရမ်းကို မိုက်တဲ့ တိုင်ရွန်က ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကိုလည်း အမြဲစနောက်တတ်သူတစ်ယောက်ပါ။ ရီစရာ ဟာသလေးတွေနဲ့ တခါတရံ Tiktok အခွီလေးတွေဆော့တတ်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေသူတစ်ယောက်ပါ။

 

အခုလည်း ညဖက်ကြီး ပရိသတ်တွေ သရေကျရအောင် လူနဲ့လိုက်တဲ့ နံရိုးအကြီးကြီးကို ကိုင်ပြီး အားရပါးရ စားနေတဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ တင်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မင်းသားချောကြီး တိုင်ရွန်တစ်ယောက်အစားနဲ့ ပတ်သတ်ရင် ဘယ်လောက်သောင်းကျန်းလည်း ဆိုတာ သိဖို့အတွက် ဗီဒီယိုလေး တင်ပေးလိုက်ပါပြီ…ပရိသတ်ကြီးရေ။

Source: Tyron Bejay

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



