ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းပြီး အမွှေးနံ့သာတွေနဲ့ မြတ်စွာဘုရားကို ပူဇော်ခဲ့တဲ့ ညီညီမောင်
Posted on
ပျော်တဲ့အချိန်မှာလည်းပျော်သလို ဘုရားတရားလုပ်ရမယ့်အချိန်မှာလည်း လေးလေးနက်နက် လုပ်တတ်တဲ့ သုသုတစ်ယောက် ဒီနေ့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းပြီး ကောင်းမှုကုသိုလ် ပြုခဲ့တဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ မိတ်ကပ် လင်းလင်းနဲ့ အတူ ဗုဒ္ဓဂါယာထိသွားပြီး ဘုရားတွေဖူးခဲ့ပါသေးတယ်။
ကိုယ့်အလုပ်အပေါ်မှာလည်း အကောင်းဆုံးကြိုးစားပြီး လုပ်ကိုင်နေသူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အိမ်မှုကိစ္စနိုင်နင်းပြီး ဟာသတွေလည်း ပြောတတ်သေးတာမို့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ညောင်ရေသွန်းပြီး ကုသိုလ်ပြုခဲ့ပါသေးတယ်။
ကုသိုလ်ပြုနေတဲ့ ပုံရိပ်တွေကို ” ကဆုန် လပြည့်ဗုဒ္ဓနေ့ သက်ရှိထင်ရှား မြတ်စွာဘုရား အမှတ်ဖြင့် ဗောဓိညောင်ပင်အား ညောင်ရည်သွန်း အမွှေးတိုင် ဖယောင်းတိုင် ပဌာန်းရွတ် ပူဇော်ပါတယ် ယနေ့ ကဆုန်ညောင်ရေသွန်း လပြည့်နေ့အခါသမယမှာ ပူဇော်ရသော အကျိူးအား ကြောင့် ၈ နေ့နံဖွား ၇ ရက်သားသမီး အာလုံး ကပ်ကျော်လာဘ်ပေါ်ကာ အမြန်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန် ကောင်းပို့သအပ်ပါတယ် ” ဆိုပြီးဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Nyi Nyi Maung
(ဇော်ဂျီဖြင့်ဖတ်ရန်)
ကုသိုလ်ပြုနေတဲ့ ပုံရိပ်တွေကို ” ကဆုန် လပြည့်ဗုဒ္ဓနေ့ သက်ရှိထင်ရှား မြတ်စွာဘုရား အမှတ်ဖြင့် ဗောဓိညောင်ပင်အား ညောင် ရည်သွန်း အမွှေးတိုင် ဖယောင်းတိုင် ပဌာန်းရွတ် ပူဇော်ပါတယ် ယနေ့ ကဆုန်ညောင်ရေသွန်း လပြည့်နေ့အခါသမယ မှာ ပူဇော်ရသော အကျိုးအားကြောင့် ၈ နေ့နံဖွား ၇ ရက်သားသမီး အာလုံး ကပ်ကျော်လာဘ်ပေါ်ကာ အမြန်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါတယ် ” ဆိုပြီးဝေမျှခဲ့ပါ တယ်။
Happy – Cele Zone
Photo – Nyi Nyi Maung