အိမ်ထဲမှာနေပြီး ကမ္ဘာပတ်နေတဲ့ ယုသန္တာတင်ရဲ့ ချစ်စဖွယ် ဗီဒီယိုလေး

Posted on

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ယုသန္တာတင်ကတော့ ဗီဒီယိုရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ခေတ္တ ရပ်နားပြီး ခရီးတွေထွက်နေခဲ့တာပဲဖြစ်ပါတယ် ။ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေ အတူထွက်ရင်း ဘာသာရေးဘက်ကို ပိုမိုအားစိုက်နေတာကိုလည်းတွေ့ရပါတယ် ပရိသတ်ကြီးရေ ..။အနုပညာခြေလှမ်းတွေ ကျဲသွားပေမယ့်လည်း ပရိသတ်တွေနဲ့အဆက်မပြတ်အောင် သူမရဲ့ ခရီးသွားပုံရိပ်လေးတွေနဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေ ကိုတော့ အမြဲမျှဝေပေးလေ့ရှိပါတယ် ။

လက်ရှိမှာတော့ ယု တစ်ယောက် Stay Home လုပ်ရင်း သူမရဲ့ ချစ်စဖွယ် Tik Tok လေးတွေကို ပရိသတ်ကြီးကိုမျှဝေပေးနေ တာပါ ။ သူမရဲ့ Tik tok လေးတွေက တအားကိုချစ်ဖို့ကောင်းလို့ ပရိသတ်တွေကလည်း စောင့်မျှော် အားပေးနေခဲ့ကြတာပဲ ဖြစ်ပါ တယ် ။ လတ်တလောမှာတော့ ယုတစ်ယောက် အိမ်ထဲ ကနေ ကမ္ဘာပတ်နေတာလိုက်ကြဦးမလား ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ကမ္ဘာပတ်နေတဲ့ Tik Tok လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်ကြီးကို မျှဝေပေးလာခဲ့ပါတယ် ။ သူမရဲ့ ပရိသတ်တွေကတော့ ပင်ပန်းရှာမှာ covid ချိန်ကြီး သွားလာလှည့်ပတ် ခရီးထွက်နေရတာ ဆိုပြီး စနောက်ကာ အရွှန်းဖောက်နေကြတာ တွေ့ရပါတယ် ။

ယုကတော့ ခရီးသွားရတာ ဝါသနာပါပြီး အမြဲလိုလို နိုင်ငံခြား ခရီးစဉ်တွေ ထွက်နေခဲ့တာ ဖြစ်ပြီး Covid -19 ကြောင့် Stay home လုပ်နေရတဲ့ ကာလမှာတော့ Tik Tok နဲ့ကမ္ဘာပတ်နေပါသေးတယ် ပရိသတ်ကြီးရေ ..။ ယုကို ချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် ယုရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနာ် ။

Source : Yu Thandar Tin
Emily (Cele Zone )