မိခင်အရင်းလိုချစ်ရတဲ့ (ဖခင်ရဲ့ဒုတိယဇနီး) ဆုံးပါးသွားလို့ ဝမ်းနည်းနေတဲ့ နွေးနွေးချစ်ဖွယ်

Posted on

Broken Family မှာ ကြီးပြင်းခဲ့ရပေမယ့် မိခင်ကိုရော ဖခင်ကိုပါ အပြစ်မပြောဘဲ ကိုယ့်ဘဝကိုယ် အကောင်းဆုံးကြိုးစားရပ်တည်နေတဲ့ နွေးနွေးချစ်ဖွယ်တစ်ယောက် ကိုယ့်မိခင်အရင်းတင်မက ဖခင်ရဲ့ဒုတိယဇနီးကိုလည်း မိခင်အရင်းလို ပြုစုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ စိတ်နှလုံးဖြူစင်သူ တစ်ယောက်ပါ။ ကိုယ့်ကြိုးစားမှုနဲ့ရတဲ့ငွေကြေးဖြစ်လို့ လိပ်ပြာလုံလုံနဲ့ ကိုယ်ပေးကမ်းချင်တဲ့ သူတွေကို လှူတန်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖခင်ရဲ့အနုပညာအမွေကိုလည်း အပြည့်အဝဆက်ခံပြီး နာမည်ကျော်မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားတွေမှာ လည်း ပါဝင်လေ့ရှိပါတယ်။ ဘုရားတရားကိုင်းရှိုင်းပြီး မိဘကိုလည်းသိတတ်သူ လေးပါ။

ဒီနေ့မှာတော့ သူမရဲ့ ဒုတိယမိခင်လို့ဆိုရလောက်အောင် ရင်းနှီးတဲ့ ဖခင်ရဲ့ (ဒုတိယဇနီး) ဆုံးပါးကွယ်လွန်းသွားတာကြောင့် စိတ်မကောင်း ဖြစ်ပြီး ” သမီးအကောင်းဆုံးတာဝန်ကျေခဲ့ တယ်လို့ မှတ်ယူပါတယ် မာမီ (အဖေ့နောက်အမျိုးသမီး) မာမီကောင်းရာသုဂတိလားပါစေ ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Nway Nway Chit Phwal Win

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone