အထီးကျန်လို့ သူငယ်ချင်းတွေနဲ့ Video Call ပြောရင်း တရေးနိုးလာတော့ အံ့သြသွားစရာ အဖြစ်တစ်ခုကို ကြုံခဲ့ရတဲ့ သန္တာဗိုလ်

Posted on

သန္တာဗိုလ်ကတော့ အကယ်ဒမီမင်းသမီးချောလေး ချောရတနာရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်ပြီး မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အဖြစ်ရပ်တည်လာခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ် ။ သူမရဲ့ အင်တာနေရှင်နယ် ဆန်တဲ့ အရပ်အမောင်းနဲ့ အမိုက်စား ဘော်ဒီကြောင့် မော်ဒယ်လ်လောကမှာ မသိသူမရှိသလောက် ပါပဲ ။ ဘိုရစ်လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ရတဲ့ သန္တာဗိုလ်ကတော့ လူငယ်သဘာဝအတိုင်း သူငယ်ချင်းတွေနဲ့ အမြဲ တရုန်းရုန်းပျော်နေတတ်တဲ့ သူတစ်ယောက်ပါ ။

မကြာသေးမီကမှ သန္တာဗိုလ် နဲ့ ချောရတနာတို့ရဲ့ မိခင်ကြီးဆုံးပါးသွားခဲ့ပြီး ချောရတနာကတော့ မိသားစု တာဝန်တွေနဲ့ ဆိုတော့ သိပ်မသိသာပေမယ့် မေမေနဲ့ အမြဲအတူရှိနေတဲ့ ဘိုရစ်တစ်ယောက်ကတော့ မေမေဆုံးပြီးနောက်ပိုင်း အထီးကျန်နေပုံရပါတယ် ပရိသတ်ကြီးရေ ..။ လတ်တလောမှာတော့ သန္တာဗိုလ်တစ်ယောက် သူမအရမ်းအထီးကျန်နေတဲ့အတွက် သူငယ်ချင်းတွေကို Video call ပြောရင်း Video Call မချဘဲ ဒီတိုင်းအိပ်ကြဖို့ စနောက်ပြောလိုက်ပေမယ့် သူမတရေးနိုးလာတဲ့အခါမှာတော့ အံ့သြစွာနဲ့ Video Call မချပဲ အိပ်ပျော်နေကြတဲ့ သူငယ်ချင်းတွေကို တွေ့လိုက်ရလို့ အရမ်းကိုချစ်သွားမိတယ်လို့ သူမရဲ့ မိုင်ဒေးမှာ ရေးသား ထားတာဖြစ်ပါတယ် ။

သူမနဲ့အတူ Video Call ပြောပေးခဲ့တဲ့ သူငယ်ချင်းတွေကတော့ ပရိသတ်တွေရဲ့ အချစ်တော် The Model Academy က 1st Runner ဆုရှင် ဒီး ၊ ချာလီ ၊ သင်းသဲဗိုလ် နဲ့ ခိုင်သဇင်ငုဝါတို့ပဲဖြစ်ပါတယ် ။ သန္တာဗိုလ်ကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် ဘိုရစ်ရဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေ Video Call ပြောရင်း အိပ်ပျော်နေကြတဲ့ ပုံလေးကို ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

Source : Thandar Bo
Emily (Cele Zone )