ဒီနေ့မှာပဲ တစ်နှစ်နဲ့ကိုးလပြည့်သွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam

Posted on

ပရိသတ်ကြီးရဲ့အချစ်တော်လေး လွင်ထက် (Liam) တစ်ယောက် ဒီနေ့မှာပဲ အသက် တစ်နှစ်နဲ့ ကိုးလပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အဖေချော အမေချောမို့လို့ သားလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းနေပါတယ်။ ဖေဖေ မေမေတို့က နိုင်ငံခြားမှကျောင်းတက် နေတာမို့ အဘိုးအဘွားတွေနဲ့ပဲ အတူတူနေရသူလေးပါ။

ကျောင်းပိတ်တဲ့ရက်တွေမှာ မိဘတွေက ဒီကိုပြန်လာပြီး သားလေးနဲ့အတူတူ အချိန်တွေ ကုန်ဆုံးတတ်ပါသေးတယ်။ ချစ်စရာသားလေး ဟာ မိဘတွေနဲ့သိပ်မနေရတော့ မိခင်ကို စိမ်းနေတာမျိုးတွေရှိပေမယ့် ဒီနောက်ပိုင်းမှာတော့ သားလေးနဲ့ပိုပိုပြီး ရင်းနှီးလာတဲ့အကြောင်း ယွန်းဝတီက ပြောပြခဲ့ပါသေးတယ်။

ချစ်စရာမြေးလေးရဲ့မွေးနေ့လေးကို ” Happy 1year and 9months Birthday အသဲလေး ” ဆိုပြီး Liam ရဲ့ ပုံရိပ်လေးတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ ဖွားဖွားမေသူက ဝေမျှခဲ့ပါတယ်။ ချစ်ဖို့ကောင်း တဲ့ ကလေးလေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – May Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဒီေန႔မွာပဲ တစ္ႏွစ္နဲ႔ကိုးလျပည့္သြားၿပီျဖစ္တဲ့ ယြန္းဝတီလြင္မိုးရဲ႕ သားေလး Liam

ပရိသတ္ႀကီးရဲ႕အခ်စ္ေတာ္ေလး လြင္ထက္ (Liam) တစ္ေယာက္ ဒီေန႔မွာပဲ အသက္ တစ္ႏွစ္နဲ႔ ကိုးလျပည့္သြားခဲ့ၿပီပဲျဖစ္ပါ တယ္။ အေဖေခ်ာ အေမေခ်ာမို႔လို႔ သားေလးကလည္း အရမ္းကို ခ်စ္ဖို႔ေကာင္းလြန္းေနပါတယ္။ ေဖေဖ ေမေမတို႔က ႏိုင္ငံျခားမွေက်ာင္းတက္ေနတာမို႔ အဘိုးအဘြားေတြနဲ႔ပဲ အတူတူေနရသူေလးပါ။

ေက်ာင္းပိတ္တဲ့ရက္ေတြမွာ မိဘေတြက ဒီကိုျပန္လာၿပီး သားေလးနဲ႔အတူတူ အခ်ိန္ေတြ ကုန္ဆုံးတတ္ပါေသးတယ္။ ခ်စ္စရာသား ေလးဟာ မိဘေတြနဲ႔သိပ္မေနရေတာ့ မိခင္ကို စိမ္းေနတာမ်ိဳးေတြရွိေပမယ့္ ဒီေနာက္ပိုင္းမွာေတာ့ သားေလးနဲ႔ပိုပိုၿပီး ရင္းႏွီးလာတဲ့အေၾကာင္း ယြန္းဝတီက ေျပာျပခဲ့ပါေသးတယ္။

ခ်စ္စရာေျမးေလးရဲ႕ေမြးေန႔ေလးကို ” Happy 1year and 9months Birthday အသဲေလး ” ဆိုၿပီး Liam ရဲ႕ ပုံရိပ္ေလး ေတြနဲ႔ လူမႈကြန္ရက္ေပၚမွာ ဖြားဖြားေမသူက ေဝမွ်ခဲ့ပါတယ္။ ခ်စ္ဖို႔ေကာင္း တဲ့ ကေလးေလးရဲ႕ ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – May Thu