{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588750416625","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588750400398","source":"other","origin":"unknown"}

ကဆုန်လပြည်နေ့ နေ့ထူးနေ့မြတ်လေးမှာ အိမ်မှာအေးအေးချမ်းချမ်းကုသိုလ်ကောင်းမှုတွေလုပ်နေတဲ့ နေခြည်ဦး

Posted on

Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်ရအောင်မြင်နေတဲ့ နေခြည်ဦးကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သွက်လက်တက်ကြွပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ နေခြည်ဦးရဲ့ပုံစံက ပရိသတ်တွေကိုပိုပြီးကြွေစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက သူမရဲ့ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ရှိတာဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့လေးမှာတော့ အိမ်မှာပဲအေးအေးချမ်းချမ်း ကုသိုလ်ကောင်းမှုတွေ လုပ်ဆောင်နေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးထဲမှာ ချီချီတစ်ယောက် အရမ်း အေးချမ်းပြီး ယဉ်ယဉ်လေးနဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချီချီကတော့ အမြဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေတတ်သူလေးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Nay Chi Oo