ကဆုန်လပြည့်နေ့မှာ နေအိမ်ကဘုရားကို ဓာတ်ကြီးလေးပါးဆွမ်းကပ်ပြီး ကုသိုလ်ယူခဲ့တဲ့ စမိုင်းလ်

Posted on

ဘုရားတရားကိုင်းရှိုင်းလွန်းတဲ့စမိုင်းလ်တစ်ယောက် မြန်မာတို့ရဲ့အထင်ကရနေ့တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ နေအိမ်ကဘုရားမှာ ဓာတ်ကြီးလေးပါးဆွမ်းကပ်ပြီး သူမကိုယ်တိုင်လည်း သက်သက်လွတ်စားပြီး ဥပုသ်သီလဆောက်တည်ခဲ့ပါတယ်။ ကိုယ်တစ်ယောက် လည်း သာဘာရေးလုပ်ရုံတင်မကဘဲ ပရိသတ်တွေကိုပါခေါ်ပြီး အုပ်စုလိုက် ညောင်ဆယ်ပင်အဓိဌာန် ဝင်ခဲ့ပါသေးတယ်။

 

 

သမီးလေးတွေကိုလည်း ဘာသာတရားကိုင်းရှိုင်းတတ်အောင် သင်ပြပေးပြီး မြန်မာစကားကို လည်း အရေးအသားရော အပြောအဆိုပါ အဆင်ပြေအောင် လမ်းညွှန်းပေးနိုင်တဲ့ လက်ဦး ဆရာကောင်းတစ်ယောက်ပါပဲ။ ချစ်စရာသမီးလေးနှစ်ယောက်ဟာလည်း မိဘတွေရဲ့ စကားကို နားထောင်တာကြောင့် ပျော်စရာမိသားစုဘဝလေးမှာ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။

 

 

ဒီနေ့မှာလည်း စမိုင်းလ်တစ်ယောက် သူမရဲ့ကုသိုလ်ပြုပုံလေးတွေကို ” ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားအားရည်မှန်း၍ ဓါတ်ကြီး လေးပါးဆွမ်း သပိတ်ဆွမ်းများဆက်ကပ်လှူဒါန်းပြီး သက်သက်လွတ်စား ဥပုသ်သီလဆောက်တည်ပါသည်။ ” ဆိုပြီး အားလုံးလည်း ကုသိုလ်ထပ်တူ ရအောင် ဝေမျှပေးခဲ့ပါတယ်။

 

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကဆုန္လျပည့္ေန႔မွာ ေနအိမ္ကဘုရားကို ဓာတ္ႀကီးေလးပါးဆြမ္းကပ္ၿပီး ကုသိုလ္ယူခဲ့တဲ့ စမိုင္းလ္

ဘုရားတရားကိုင္းရႈိင္းလြန္းတဲ့စမိုင္းလ္တစ္ေယာက္ ျမန္မာတို႔ရဲ႕အထင္ကရေန႔တစ္ခုျဖစ္တဲ့ ကဆုန္လျပည့္ေန႔မွာ ေနအိမ္ ကဘုရားမွာ ဓာတ္ႀကီးေလးပါးဆြမ္းကပ္ၿပီး သူမကိုယ္တိုင္လည္း သက္သက္လြတ္စားၿပီး ဥပုသ္သီလေဆာက္တည္ခဲ့ပါတယ္။ ကိုယ္တစ္ေယာက္လည္း သာဘာေရးလုပ္႐ုံတင္မကဘဲ ပရိသတ္ေတြကိုပါေခၚၿပီး အုပ္စုလိုက္ ေညာင္ဆယ္ပင္အဓိဌာန္ ဝင္ခဲ့ပါေသးတယ္။

သမီးေလးေတြကိုလည္း ဘာသာတရားကိုင္းရႈိင္းတတ္ေအာင္ သင္ျပေပးၿပီး ျမန္မာစကားကို လည္း အေရးအသားေရာ အေျပာအဆိုေအာင္ အဆင္ေျပေအာင္ လမ္းၫႊန္းေပးႏိုင္တဲ့ လက္ဦး ဆရာေကာင္းတစ္ေယာက္ပါပဲ။ ခ်စ္စရာသမီးေလးႏွစ္ ေယာက္ဟာလည္း မိဘေတြရဲ႕စကားကို နားေထာင္တာေၾကာင့္ ေပ်ာ္စရာမိသားစုဘဝေလးမွာ အားလုံးက ၿငိမ္းၿငိမ္းခ်မ္း ခ်မ္းပါပဲ။

ဒီေန႔မွာလည္း စမိုင္းလ္တစ္ေယာက္ သူမရဲ႕ကုသိုလ္ျပဳပုံေလးေတြကို ” ကဆုန္လျပည့္ေန႔တြင္ ျမတ္စြာဘုရားအားရည္မွန္း ၍ ဓါတ္ႀကီးေလးပါးဆြမ္း သပိတ္ဆြမ္းမ်ားဆက္ကပ္လႉဒါန္းၿပီး သက္သက္လြတ္စား ဥပုသ္သီလေဆာက္တည္ပါသည္။ ” ဆိုၿပီး အားလုံးလည္း ကုသိုလ္ထပ္တူ ရေအာင္ ေဝမွ်ေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – Smile