မိသားစု Liveလွှင့်ရင်း ငပလီရဲ့အလှတွေကို ပရိသတ်တွေနဲ့အတူ မျှဝေခံစားခဲ့တဲ့ အူဝဲ

Posted on

ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ နှစ်ယောက်ရဲ့ မိသားစုဘဝလေးကတော့ မြင်သူတိုင်းအားကျရပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပါ။ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားပြီး မိသားစုတွေအမြဲတမ်းတက်ညီလက်ညီ အလှူအဒါန်းတွေပြုလုပ်တတ်ကြတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါ။

အချိန်တွေမအားလပ်အောင် အလုပ်ရှုပ်ကြတဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ပေမယ့် သားနဲ့ သမီးကို အချိန်ပေးပြီး မိသားစု ခရီးလေးတွေ အမြဲထွက်တတ်ကြတဲ့ ပြေတီဦးနဲ့ အူဝဲတို့ မိသားစုလေးကတော့ ပရိသတ်တွေကြားမှာ တကယ့်ကို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ဖြစ်နေပါတယ်။ အခုလည်း မိသားစုလိုက် ခရီးတွေဆက်တိုက် ဖြစ်နေတဲ့ ပြေတီဦးနဲ့ အူဝဲတို့ မိသားစုလေးက ငပလီကို ရောက်ရှိနေတာပါ။

ချစ်စရာကောင်းတဲ့ သားသားမီးမီးတွေနဲ့အတူ မင်းသမီးချောလေး မေတိုးခိုင် ပါ ငပလီခရီးစဥ်မှာပါဝင်ပြီး ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ပရိသတ်အချစ်တော် အူဝဲကတော့ မိသားစု အတူစုံတုန်း ပရိသတ်တွေအတွက် Liveလွှင့်ပေးရင်း ငပလီရဲ့ အလှတွေကို ပရိသတ်တွေအတွက် ရိုက်ပြထားတဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါပြီ…ပရိသတ်ကြီးရေ။

Source:Eaindra Kyaw Zin

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



