{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588736099197","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588736056658","source":"other","origin":"unknown"}

ချစ်ဖေဖေ ၊ ခင်ပွန်း နဲ့ သားလေးတို့ကို ကိုယ်တိုင်စိတ်ရှည်ရှည်နဲ့ ဆံပင်ညှပ်ပေးနေတဲ့ မိုးယုစံ

Posted on

မင်းသမီးချောလေးမိုးယုစံကတော့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ကာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အချိန်အပြည့်အဝပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကိုသာရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ 

ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးဆိုလည်း မမှားပါဘူးနော်။လတ်တလောမှာတော့  ချစ်ဖေဖေ ၊ ခင်ပွန်း နဲ့ သားလေးတို့ကို ကိုယ်တိုင်စိတ်ရှည်ရှည်နဲ့ ဆံပင်ညှပ်ပေးနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ 

သူမကတော့ ပုံလေးတွေနဲ့ အတူ ” ပါးပါးကိုပါ လက်စွမ်းပြထား ကိုယ်လက်စွမ်းပြထားတာ ၃ယောက်ရှိသွားပါပြီ” ဆိုပြီးလူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေးမိုးယုစံတို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Alexus – Cele Zone

Photo – Moe Yu San 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Moe Yu San