(၂၀၂၀) ထိမအောင်မြင်ရင် အိမ်ကခိုင်းတဲ့လုပ်ပါ့မယ်လို့ကတိပေးခဲ့ရတယ်ဆိုတဲ့ ရာဝန

Posted on

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်နေတဲ့ တက်သစ်စ အဆိုတော်လေးက တော့ ရာဝနပဲဖြစ်ပါတယ် ။ မအောင်မြင်ခင်ကတော့ မိဘတွေ သဘောမတူတဲ့လမ်းကြောင်းကို လျှောက်ဖို့အတွက် အချိန် (၃) နှစ်တိတိယူခဲ့ပြီး (၂၀၂၀ ) မှာ မအောင်မြင်သေးဘူးဆိုရင် မိဘတွေခိုင်းတဲ့အတိုင်းလုပ်ပါမယ်လို့ ကတိပေးခဲ့ရတယ်လို့ ပရိသတ်တွေကို ပြောပြဖူးပါတယ် ။ အိမ်က Supporting မပေးတဲ့အတွက် ကိုယ်ဒူးကိုယ်ချွန်ပြီး လျှောက်ခဲ့ရတဲ့လမ်းဖြစ်တယ်လို့လည်းသိရပါတယ် ။

အခုတော့ အရမ်းကြီးမအောင်မြင်ခဲ့ပေမယ့် (၂၀၂၀) မှာနေရာလေးနည်းနည်းရလာခဲ့ပြီး ဘာပဲဖြစ်ဖြစ် ကိုလုပ်တဲ့အလုပ်ကို ကြိုးစားပြီးလုပ်နိုင်ခဲ့လို့ဂုဏ်ယူမိတယ် လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့ပါတယ် ။ (၂၀၂၁) မှာဒီထပ်ပိုပြီးအောင်မြင်တဲ့သူတယောက်ဖြစ်လာအောင်ကြိုးစားဦးမှာဖြစ်ပြီး မိဘတွေရဲ့ဖြစ်စေချင်တဲ့ ဆန္ဒကို မလုပ်ခဲ့ဘဲ ကိုယ်ဖြစ်ချင်တာကိုလုပ်ခဲ့တဲ့အတွက်နှစ်ဆပိုပြီးကြိုးစားရမှာဖြစ်သလို ရာဝန အတွက်တော့အရာရာတိုင်းကစိန်ခေါ်မှုပါပဲ လို့ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

ဒီ (၂၀၂၀) မတ်လ (၁) ရက်နေ့ကတော့ ရော်ရွက်နဲ့ရာဝန တို့ရဲ့ `Answer´ အခွေပရိုမိုးရှင်းပွဲ လေးကို ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်းထောင်ချီ လာရောက်အားပေးခြင်းခံခဲ့ရတဲ့အတွက် ဒီနေ့ကတော့ သူတို့နှစ်ယောက်ရဲ့ အနုပညာမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့နေ့လို့ဆိုရမှာပါ ။ (၂၀၂၁) မှာလည်း ဒီထက်မက အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Yarwana
Emily (Cele Zone)