ကိုယ့်ကိုယ်ကို ကျပျောက်သွားတိုင်း တစ်ယောက်ယောက်ကပြန်ရှာပေးစေချင်တယ်ဆိုတဲ့ ဟိန်းထက်

Posted on

MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ငွေစက္ကူ (၇) ရွက်ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေ တခဲနက်အားပေးမှု ကိုရရှိ လာခဲ့တဲ့ ဟိန်းထက်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ခံနေရတဲ့ မင်းသား ချောလေး တစ်ယောက်ပါ ။ မိန်းကလေးပရိသတ်တွေ အရမ်းများလွန်းလို့ ကျောင်းပွဲတွေမှာဆို တိုးမပေါက်အောင်ကို အားပေး ဝန်းရံခြင်း ခံရတာပါ ။

ဟိန်းထက်ကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှု မှန်သမျှကို ချစ်ရတဲ့ဖန်တွေအတွက် အမြဲမျှဝေပေးနေတဲ့သူတစ်ယောက် ဖြစ်သလို တစ်ခါတရံခံစားချက် စာသားလေးအချို့ကို လည်း ရေးသားဖော်ပြတတ်သူပါ ။ လတ်တလောမှာတော့ အများကြီးလည်း ကံမကောင်းချင်ဘူး…ကျွန်တော့်ကို ကျွန်တော် ကျပျောက်သွားတဲ့အချိန်မှာ တစ်ယောက်ယောက်က ပြန်ရှာဖွေ ပေးစေချင် ရုံပါပဲ… ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ ပုံရိပ်လေးအချို့ကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ဟိန်းထက်ကို အမြဲတမ်းစိတ်ချမ်းသာနေတာပဲ မြင်ချင်တယ်ဆိုတဲ့ မှတ်ချက်လေးတွေ ရေးသားပြီး အားပေးစကားဆိုထားကြပါသေးတယ် ။ ဟိန်းထက်ကို ချစ်တဲ့ Cele Zone ပရိသတ်ကြီးအတွက် ဟိန်းထက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Hein Htet
Emily (Cele Gabar)