ဘုရားကို သစ်သီးမျိုးစုံနဲ့ ဆွမ်းကပ်တဲ့သူမရဲ့ ရည်ရွယ်ချက်တွေကို ပြောပြလာတဲ့ စမိုင်းလ်

Posted on

Cele Zone ပရိသတ်ကြီးရေ စမိုင်းလ်တို့ မိသားစုကတော့ အမြဲ လိုလို အလှူရေစက်လက်နဲ့မကွာ လှူဒါန်းမှုတွေ ပြုလုပ်နေကြတဲ့ မိသားစုဆိုတာ ပြောစရာလိုမယ်မထင်ပါဘူးနော် ။ စမိုင်းလ်ကတော့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေမကြာခဏ ပြုလုပ်တတ် သလို ခင်ပွန်းသည်ကလည်း စိတ်တူကိုယ်တူ ပါရမီဖြည့်ပေးနေတာဆိုတော့ ပြီးပြည့်စုံတဲ့မိသားစုလေးကို ပိုင်ဆိုင် ထားတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ ။

လတ်တလောမှာတော့ စမိုင်းလ်တစ်ယောက် ဘေးဘရာတွေကြော်ဖို့ ဘရာကြော်လေးကိုယ်တိုင်လုပ်ပြီးမနက်ဖြန်ဘုရားကပ်မယ်၊ ရွှေရင်အေးအောင် ရွှေရင်အေးကပ်မယ် မာလကာသီး ( မာမာချာချာဖြစ်အောင်) ၊ ထောပတ်သီး ( ထပ်ပြီးထော ) ၊ ကျွဲကောသီး ( ကံကော်သီး) ၊ ငှက်ပျော်သီး ( ငွေပျော်သီး ) ၊ ဇီးသီး ( သမီးတွေနေ့နံ့ ) ၊ စိန်တစ်လုံး သရက်သီး ( သရက်သီးလောက် စိန်ဝတ် နိုင်အောင် ) ၊ မင်းဂွတ်သီး ( မင်းဂွတ်သလိုငါလည်းဂွတ်အောင် ကွကိုယ်ထွင်တာ ) ၊ သစ်တော်သီး ( အသစ်အတော် တွေ ထွင်နိုင် အောင် ကွကိုယ်ထွင်တာ) ၊ ဩဇာသီး ( ဩဇာရှိအောင် ) ၊ နဂါးမောက်သီး ( နဂါးလိုအမောက်ထောင်နိုင်အောင် ) ဆိုတဲ့စာသားလေးနဲ့အတူ သစ်သီးစုံ ဆွမ်းကပ်လှူရတဲ့ ရည်ရွယ်ချက်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

စမိုင်းလ်ကတော့ သူမ အခု ပြောပြတာတွေက ကျွန်မကိုယ့်စိတ်ကူးနဲ့ကိုယ်လုပ်တာတွေပါနော် အမှားရှိရင်ခွင့်လွှတ်ကြပါ လို့လည်း ပရိသတ်တွေကိုအသိပေးထားပါသေးတယ် ။ Cele Zone ပရိသတ်ကြီးရော ဆွမ်းကပ်ရင် စမိုင်းလ်လို အဓိပ္ပါယ်တွေနဲ့ကပ်ကြတာလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Smile
Emily (Cele Zone )