စိတ်အလိုလိုက်ပြီးဆက်မလုပ်တော့ဘဲ အချိန်တချို့ကိုမေ့ပစ်လိုက်ပြီဆိုတဲ့ မေပန်းချီ

Posted on

အကိတ်တလိုင်း အမိုက်စားဘော်ဒီကောက်ကြောင်းတွေကို ပိုင်ဆိုင်ထားတဲ့ မေပန်းချီကတော့ အနုပညာလောကမှာ ပရိသတ်အားပေးမှုရရှိထားပြီးသားအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူမကိုချစ်စနိုးနဲ့ တစ်တုတ်လေးလို့ အမည်ပေးထားကြပြီး အကိတ်ဆိုတာနဲ့ မေပန်းချီကို မျက်စိထဲတန်းမြင်တဲ့ထိ ဖွံ့ထွားတဲ့ အမိုက်စား ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ် ။

မေပန်းချီကတော့ သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ အလှပုံရိပ်လေးတွေကို မကြာခဏ ပရိသတ်တွေကို မျှဝေပေးတတ်သလို သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ခံစားချက်အချို့ကိုလည်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလေ့ရှိပါတယ် ။ လတ်တလောမှာတော့ မဖြစ်သင့်တဲ့ အိမ်မက်တွေကို လုံးဝအကောင်အထည် မဖော်တော့ပါ ကိုယ့်အတွက်ကောင်းလာမဲ့အရာတွေမဟုတ်လို့အိမ်မက်ဆိုတာ ခဏပါအချိန်တချို့ကိုကျွန်မမေ့ပစ်လိုက်ပြီ ဆိုတဲ့စာသားလေးကို သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ရေးသားလာခဲ့ပါတယ် ။

သူမရဲ့ အမာခံပရိသတ်တွေကတော့ ဘယ်အကြောင်းရာကိုပြောနေမှန်းမသိပေမယ့်လည်း အားတင်းထားပါဆိုပြီး အားပေးစကားလေးတွေ မှတ်ချက်ရေးသားထားကြပါတယ် ။ မေပန်းချီတစ်ယောက် မကောင်းတဲ့အတိတ်တွေကိုမေ့ပစ်ပြီး အနာဂတ်မှာပျော်ပျော်ရွှင်ရွှင်ရှေ့ဆက်နိုင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : May Panche
Emily (Cele Zone)