ဘဝတစ်လျှောက်လုံးမှာ ပထမဆုံးတွေချည်းပဲဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုပြောပြခဲ့တဲ့ မိုးယံဇွန်

Posted on

လူတိုင်းရဲ့ဘဝမှာ ပထမဦးဆုံးလုပ်ဖူးတဲ့အတွေ့အကြုံ ရဖူးတဲ့လက်ဆောင်လေးတွေကို အမှတ်တရနဲ့ ပျော်ရွှင်ဖူးကြပါတယ်။ ဒီနေ့မှာ တော့ မိုးယံဇွန်တစ်ယောက် သူ့ဘဝမှာလုပ်ခဲ့ဖူးတဲ့ ပထမဆုံးအမှတ်တရပုံရိပ်တွေကို ” ” ပထမဆုံး ဂျင်းဂျာကင် ဝတ်ဖူးတဲ့ပုံပါ အရမ်း ဝတ်ချင်တာ အိမ်ကဝယ်ပေးတော့ ရှိုးထုတ်ဝတ်ပီး တခါတည်း ဓာတ်ပုံရိုက်ခဲ့တဲ့ အမှတ်တရပုံပါ ” ပထမဆုံး အကြိမ်ကျင်းပတဲ့ ကျတော့ မွေးနေ့ပွဲရဲ့ပုံပါ အိမ်မှာလုပ်တဲ့ မွေးနေ့ပွဲကို မိတ်ဆွေ ဆွေမျိုး သားချင်းတွေ တခြားဧည့်တွေလာပီး စားကျ လက်ဆောင်တွေပေးကျ မွေးနေ့မှာ မွေးနေ့ပွဲ လုပ်တဲ့အရသာကို စသိချိန်ပါ ကျတော်ကိုယ်တိုင်လဲ မွေးနေ့ရှင်ပီသအောင် အပေါ်အောက် အဖြူဝတ်ပီး ကျတော့် ထက် (၆) လပဲကြီးတဲ့ အကိုဝမ်းကွဲနဲ့ မွေးနေ့မှာအမှတ်တရ ရိုက်တဲ့ပုံပါ ” ” ပထမဆုံးအကြိမ် stage ပေါ်တက်ဖူးခြင်းပါ မူကြိုတုန်းက ဒို့ဗိုလ်ချုပ် အကြောင်းကဗျာပြိုင်ပွဲပြိုင်တုန်းက အမှတ်တရ မှတ်တမ်းတင်ထားတဲ့ပုံပါ တကယ်ကောင်းလို့လား? လူကချစ်ဖို့ကောင်းလို့ လား? အမေ့မျက်နှာကြောင့်ပဲလားတော့မသိဘူး??? ပထမဆုရခဲ့ပါတယ် ” ”

 

 

” ” ဒါလဲ ပထမဆုံးအကြိမ် ကျောင်းကပွဲမှာ Cheerleader လုပ်တုန်းက အမှတ်တရပုံပါ ” ” ပထမဆုံးအကြိမ် မောင်ရင်လောင်းဝတ်စုံ ပြည့်နဲ့ မြင်းဖြူစီးပြီး ရှင်လောင်းလှည့်ဖူးခြင်း အမှတ်တရပါ ” ” ပထမဆုံးအကြိမ် ကိုရင်ဝတ်ဖြစ်တုန်းကပုံပါ ကိုရင်ဝတ်ရင် ညစာမစား ရဘူး မနက်လဲ အာရုဏ်တက်တာနဲ့ အိပ်ယာထ ဆွမ်းခံထွက်ရမယ်ဆိုလို့ ဘူနေတဲ့ပုံပါ ” ” ဒါကတော့ ပထမဆုံးအကြိမ် ဘုရားပေါ်မှာ မိသားစုအမှတ်တရဓာတ်ပုံ စရိုက်ဖူးတဲ့ပုံပါ ဒီဓာတ်ပုံမရိုက်ခင် အထိ မိသားစုအစုံတစ်ခါမှ ဘုရားပေါ်မှာ ဓာတ်ပုံမရိုက်ဖူးသေးပါဘူး ဒါကပထမဆုံးအကြိမ် ရိုက်ခဲ့တာပါ အဲ့တုန်းက အဖေက နယ်မှာတာဝန်ကျတော့ ကျတော်က အဖေနဲ့လိုက်နေတယ် ညီမကအမေနဲ့ ရန်ကုန်မှာ အဖေခွင့်ရလို့ ရန်ကုန်မှာ ရဟန်းဝတ်ရင်း အခုလို ပထမဆုံးအကြိမ် ရွှေတိဂုံမှာ အမှတ်တရရိုက်ဖြစ်သွားတာ ” ”

 

 

 

” ” ပထမဆုံးအကြိမ် stage ပေါ်မှာ catwalk လျှောက်ဖူးခြင်းပါ ဒါက ကျတော် model သင်တန်း တက်ခဲ့တဲ့ talent&model သင်တန်း ဆင်းပွဲ (ယခင်trader hotel) မှာ သင်တန်းဆင်း show စလျှောက်ခဲ့တဲ့ အမှတ်တရပုံပါ ” ” ပထမဆုံး အကြိမ် crush နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်စကားပြောဖူးခြင်းပါ ကျတော် အဲတုန်း ၁၀ တန်းစာမေးပွဲဖြေပီးတဲ့အချိန် အောင်စာရင်းလဲမထွက်သေးဘူး အောင်လားကျ လားမသိ အမေ့အလုပ်ကိစ္စနဲ့ ဂေါက်ကွင်းကိုသွား အဲဒီမှာ ရိုက်ကူးရေးလုပ်နေတာ ကျတော်အရမ်းကြိုက်တဲ့မင်းသမီး မမ အမကို အရမ်းကြိုက်တာ ကျတော်က အမရဲ့ crazy ပါ ကျတော်နဲ့ ဓာတ်ပုံလေးတပုံလောက်အတူတွဲရိုက်ခွင့်ပြုပါလို့ ခွင့်တောင်းချိန် ကင်မရာ ဆရာသမားကျေးဇူးကြောင့် Snap မိသွားတဲ့အမှတ်တရပုံလေးပါ တွဲရိုက်တဲ့ပုံလေးကတော့အိမ်ခဏခဏပြောင်းလို့ ဘယ်ဆီရောက်နေ မှန်းမသိ ဒီပုံလေးပဲ အမှတ်တရကျန်တော့တယ် ဒီပုံကိုကြည့်တာနဲ့ ဘယ်သူလဲဆိုတာ သိကျမှာပါ ” ” ပထမဆုံး အကြိမ် ဓာတ်ပုံနဲ့ဆုရဖူး ခြင်းပါ Beauty magazine လုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲမှာပြိုင်ပွဲဝင်တုန်းကပုံပါ ” ” ပထမဆုံအကြိမ် ပြက္ခဒိန် ကြော်ငြာ ပိုစတာ စရိုက်ဖူး တဲ့ပုံပါ သရုပ်ဆောင် မဖြစ်ခင် မော်ဒယ်တုန်းက ပထမဆုံးရိုက်ဖူးတဲ့ အမှတ်တရပုံပါ ” ” ပထမဆုံးအကြိမ် ဘဝမှာ သုခမိန် ရုပ်ရှင်ထုတ်လုပ်ရေးကအခမ်းအနားနဲ့ Sedona Hotel မှာ သရုပ်ဆောင်အသစ်ပါလို့ စတင်မိတ်ဆက်တုန်းကပုံပါ အနောက်က ဇာတ်ဝင်ခန်းပိုစတာတွေ အဲတုန်းက အဲ့ဒါတွေမရိုက်ရသေးဘူး အဲ့ကားတွေ ငါသရုပ်ဆောင်ရတော့မယ်ဆိုပီး စိတ်ထဲမှာ အခုခေတ် rave ပွဲတွေမှာ ပလပ်ကျွတ်အရမ်းကိုကောင်းအရမ်းကို ပျော်ပါတယ်ဆိုတဲ့ အပျော်ကို ကိုးထောင်နဲ့မြောက် လို့ ရလာတဲ့ အပျော်တွေ ရင်ထဲမှာဖြစ်နေတဲ့ အမှတ်တရပုံပါ ” ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

 

 

 

Happy – Cele Zone
Photo -Moe Yann Zune

(ဇော်ဂျီဖြင့်ဖတ်ရန်)



” ” ဒါလဲ ပထမဆုံးအကြိမ် ကျောင်းကပွဲမှာ Cheerleader လုပ်တုန်းက အမှတ်တရပုံပါ ” ” ပထမဆုံးအကြိမ် မောင်ရင်လောင်း ဝတ်စုံပြည့်နဲ့ မြင်းဖြူစီးပြီး ရှင်လောင်းလှည့်ဖူးခြင်း အမှတ်တရပါ ” ” ပထမဆုံးအကြိမ် ကိုရင်ဝတ်ဖြစ်တုန်းကပုံပါ ကိုရင်ဝတ်ရင် ညစာမစားရဘူး မနက်လဲ အာရုဏ်တက်တာနဲ့ အိပ်ယာထ ဆွမ်းခံထွက်ရမယ်ဆိုလို့ ဘူနေတဲ့ပုံပါ ” ” ဒါကတော့ ပထမဆုံးအြ ကိမ် ဘုရားပေါ်မှာ မိသားစုအမှတ်တရဓာတ်ပုံ စရိုက်ဖူးတဲ့ပုံပါ ဒီဓာတ်ပုံမရိုက်ခင် အထိ မိသားစုအစုံတစ်ခါမှ ဘုရားပေါ်မှာ ဓာတ်ပုံမရိုက်ဖူး သေးပါဘူး ဒါကပထမဆုံးအကြိမ် ရိုက်ခဲ့တာပါ အဲ့တုန်းက အဖေက နယ်မှာတာဝန်ကျတော့ ကျတော်က အဖေနဲ့လိုက်နေတယ် ညီမကအမေနဲ့ရန်ကုန်မှာ အဖေခွင့်ရလို့ ရန်ကုန်မှာ ရဟန်းဝတ်ရင်း အခုလို ပထမဆုံးအကြိမ် ရွှေတိဂုံမှာ အမှတ်တရရိုက်ဖြစ်သွားတာ ” ”


Happy – Cele Zone
Photo -Moe Yann Zune