ချစ်ရတဲ့သားသမီးလေးတွေအတွက် ဈေးဝယ်ထွက်နေတဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေ

Posted on

ပရဟိတမင်းသမီးလေး မေမေခိုင်နှင်းဝေကတော့ ချစ်သူနဲ့နှစ်ယောက်အတူ ဈေးဝယ်ထွက်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ သူမကို အကောင်းဆုံး ပံ့ပိုးပေးပြီး စိတ်ချမ်းသာအောင်ထားတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတာလဲ ခိုင်နှင်းဝေအတွက် အရမ်းကို ကံကောင်းတာပါပဲ။ စိတ်တူကိုယ်တူနဲ့ ကိုယ်လုပ်သမျှတိုင်းကိုလည်း နားလည်ပြီး ပံ့ပိုးပေးတဲ့ချစ်သူမျိုးဆိုတာ ကံကောင်းတဲ့ သူတွေပဲ ရနိုင်တာမျိုးပါ။

 

 

မ တစ်ထောင်သားသမီးတွေကို ကိုယ့်ရဲ့ရင်ဝယ်သားလေးလိုပဲ ဂရုစိုက်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်တတ်တဲ့ ဖြူစင်တဲ့စိတ်ထား လေးကြောင့် မေမေခိုင်နှင်းဝေအပေါ်မှာလည်း သိပ်ချစ်ပြီး ဂရုစိုက်တတ်တဲ့ ချစ်သူတစ်ယောက် ပြန်ရထားတာပါ။ သားသမီးလေးတွေ နေမကောင်းဖြစ်နေရင်လည်း စိတ်ပူပြီး ကောင်းမွန်တဲ့အထိ ဂရုတစိုက်နဲ့ ကုသပေးတတ်တဲ့ မေမေကြောင့် ကလေးတွေဟာ ကျန်းမာ ရွှင်လန်းပြီး အခုဆို မူကြိုလေးတွေတောင် တက်နေကြပါပြီ။

 

ကလေးတွေကို ပိုကောင်းတဲ့အိမ်လေးနဲ့ထားချင်တာကြောင့် မေမေခိုင်နှင်းဝေက အိမ်သစ်ဆောက်ဖို့ အစီအစဉ်တွေလုပ်နေခဲ့ပြီး မကြာခင်မှာတော့ ကလေးတွေအပြင် နောက်ထပ် သားသမီးအသစ်တွေကိုပါ ပိုပြီးချစ်နိုင်တော့မှာပါ။ ဒီနေ့မှာလည်း နှစ်ယောက်သား ဈေးဝယ်ထွက်နေတဲ့ ပုံရိပ်လေးတွေကို ” မင်းသမီးအခန်းကနေ ကလေးအ‌‌မေ အိမ်ရှင်မကြီး ဈေးဝယ်ခန်းရောက် ” ဆိုပြီး ဝေမျှခဲ့ပါ တယ်။

 

Happy – Cele Zone
Photo -Khine Hnin Wai

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခ်စ္ရတဲ့သားသမီးေလးေတြအတြက္ ေစ်းဝယ္ထြက္ေနတဲ့ ကေလးတို႔ေမေမ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးေလး ေမေမခိုင္ႏွင္းေဝကေတာ့ ခ်စ္သူနဲ႔ႏွစ္ေယာက္အတူ ေစ်းဝယ္ထြက္ေနတဲ့ ပံုရိပ္ေလးေတြကို လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ သူမကို အေကာင္းဆံုး ပံ့ပိုးေပးျပီး စိတ္ခ်မ္းသာေအာင္ထားတဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားတာလဲ ခိုင္ႏွင္းေဝအတြက္ အရမ္းကို ကံေကာင္းတာပါပဲ။ စိတ္တူကိုယ္တူနဲ႔ ကိုယ္လုပ္သမွ်တိုင္းကိုလည္း နားလည္ျပီး ပံ့ပိုးေပးတဲ့ ခ်စ္သူမ်ိဳးဆိုတာ ကံေကာင္းတဲ့သူေတြပဲ ရႏိုင္တာမ်ိဳးပါ။

မ တစ္ေထာင္သားသမီးေတြကို ကိုယ့္ရဲ႕ရင္ဝယ္သားေလးလိုပဲ ဂရုစိုက္ျပီး ေကြ်းေမြးျပဳစု ေစာင့္ေရွာက္တတ္တဲ့ ျဖဴစင္တဲ့စိတ္ထား ေလးေၾကာင့္ ေမေမခိုင္ႏွင္းေဝအေပၚမွာလည္း သိပ္ခ်စ္ျပီး ဂရုစိုက္တတ္တဲ့ ခ်စ္သူတစ္ေယာက္ ျပန္ရထားတာပါ။ သားသမီး ေလးေတြ ေနမေကာင္းျဖစ္ေနရင္လည္း စိတ္ပူျပီး ေကာင္းမြန္တဲ့အထိ ဂရုတစိုက္နဲ႔ ကုသေပးတတ္တဲ့ ေမေမေၾကာင့္ ကေလးေတြဟာ က်န္းမာရႊင္လန္းျပီး အခုဆို မူၾကိဳေလးေတြေတာင္ တက္ေနၾကပါျပီ။

ကေလးေတြကို ပိုေကာင္းတဲ့အိမ္ေလးနဲ႔ထားခ်င္တာေၾကာင့္ ေမေမခိုင္ႏွင္းေဝက အိမ္သစ္ေဆာက္ဖို႔ အစီအစဥ္ေတြ လုပ္ေနခဲ့ျပီး မၾကာခင္မွာေတာ့ ကေလးေတြအျပင္ ေနာက္ထပ္ သားသမီးအသစ္ေတြကိုပါ ပိုျပီးခ်စ္ႏိုင္ေတာ့မွာပါ။ ဒီေန႔မွာလည္း ႏွစ္ေယာက္သား ေစ်းဝယ္ထြက္ေနတဲ့ ပံုရိပ္ေလးေတြကို ” မင္းသမီးအခန္းကေန ကေလးအ‌‌ေမ အိမ္ရွင္မႀကီး ေဈးဝယ္ခန္းေရာက္ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo -Khine Hnin Wai