ဂီတရပ်ဝန်းက Audio စက်အဖွဲ့သားတွေကို စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့ခဲ့တဲ့ နာမည်ကျော် အဆိုတော်တွေ
Posted on
အနုပညာအလုပ်တစ်ခုဖြစ်တဲ့ ဂီတပိုင်းမှာလည်း သီချင်းကောင်းတစ်ပုဒ်ရအောင် နောက်ကွယ်က ပံ့ပိုးပေးနေရတဲ့ Audio စက်အဖွဲ့သား တွေရှိပါတယ်။ အများစုဟာ အခြေခံ လူတန်းစားတွေ ဖြစ်တာမို့ အခုလို အလုပ်တွေရပ်နားထားတဲ့အချိန်မှာ စားဝတ်နေရေး အဆင်ပြေ စေဖို့အတွက် နာမည်ကျော်အဆိုတော်တွေက အလှူရှင်တွေနဲ့အတူ ပူးပေါင်းပြီး စက်အဖွဲ့သား အယောက် (၂၀၂) ယောက်စာအတွက် ရိက္ခာနဲ့ ငွေကြေးတွေထောက်ပံ့ပေးခဲ့ပါတယ်။
သီချင်းကောင်းတစ်ပုဒ်ဖြစ်လာဖို့ဆိုတာ အဆိုတော်တစ်ယောက်တည်းရဲ့အရည်အချင်းနဲ့လည်း မဖြစ်သလို တစ်ဦးတစ်ယောက်တည်းရဲ့ ထူးချွန်မှုနဲ့လည်း မရပါဘူး။ အားလုံးဝိုင်းဝန်းပြီးကြိုးစားပေးမှ ကောင်းမွန်တဲ့သီချင်းတစ်ပုဒ်ဟာ ပရိသတ်တွေဆီ ရောက်သွားနိုင်ခဲ့တာပါ။ အခုလိုခက်ခဲနေတဲ့အချိန်မှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို သတိတရနဲ့ လှူတန်းပေးတဲ့ အဆိုရှင်တွေကတော့ တကယ်ကိုလေးစားစရာ ပါပဲ။
အားလုံးရဲ့အလှူပုံရိပ်လေးတွေကို ” ဂီတရပ်ဝန်းမှ Audio စက်အဖွဲ့တွေကဝန်ထမ်းတွေကို စားနပ်ရိက္ခာမျှဝေပေးခြင်းအလှူ လူပေါင်း (202) ယောက်အတွက် ဆန် (၆ ) ပြည်, ဆီ (၅၀) သား တစ်ဘူး, ငရုတ်,ကြက်သွန်,ကြက်ဥ, ကော်ဖီမစ်/ကွေကာ အစရှိတဲ့ စားနပ်ရိက္ခာ များနဲ့ တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) ဆီကို မျှဝေထောက်ပံ့ပေးခဲ့ပါတယ် Audio စက်အဖွဲ့တွေက ဝန်ထမ်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့အတွက် ပါဝင်လှူဒါန်းပေးကြတဲ့ DM4, ဦးစိုးမောင်မောင်,ကိုဖြိုးပြည့်စုံ, ညီမဝိုင်းလေး, ဦးစောဖြူနဲ့အန်တီရွှေဝါ , မေကြီး, ကိုEric ,Junior ညီမခိုင်ဇင်သင်း တို့ကို ကျေးဇူးအများကြီးတင်ပါတယ် လုပ်အားပေးဝိုင်းဝန်းကူညီ ကြတဲ့ We Love Yangon အဖွဲ့သားတွေနဲ့ Audio 5 ဦးအောင်ကိုလဲ ကျေးဇူးအများကြီးတင်ပါ တယ် စက်ပိုင်ရှင်တွေဆီတတ်နိုင်သမျှတော့ဖုန်းတွေဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ မရလိုက်တဲ့သူတွေရှိရင်လဲနားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ရှင့် ” ဆိုပြီး အိမ့်ချစ်က ဝေမျှပေးခဲ့ ပါတယ်။
Happy – Cele Zone
Photo -Myanmar Celebrities
(ဇော်ဂျီဖြင့်ဖတ်ရန်)
အားလုံးရဲ့အလှူပုံရိပ်လေးတွေကို ” ဂီတရပ်ဝန်းမှ Audio စက်အဖွဲ့တွေကဝန်ထမ်းတွေကို စားနပ်ရိက္ခာမျှဝေပေးခြင်းအလှူ လူပေါင်း (202) ယောက်အတွက် ဆန် (၆ ) ပြည်, ဆီ (၅၀) သား တစ်ဘူး, ငရုတ်,ကြက်သွန်,ကြက်ဥ, ကော်ဖီမစ်/ကွေကာ အစရှိတဲ့ စားနပ်ရိက္ခာများနဲ့ တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) ဆီကို မျှဝေထောက်ပံ့ပေးခဲ့ပါတယ် Audio စက်အဖွဲ့တွေက ဝန်ထမ်း တွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့အတွက် ပါဝင်လှူဒါန်းပေးကြတဲ့ DM4, ဦးစိုးမောင်မောင်,ကိုဖြိုးပြည့်စုံ, ညီမဝိုင်းလေး, ဦးစောဖြူနဲ့အန်တီရွှေဝါ , မေကြီး, ကိုEric ,Junior ညီမခိုင်ဇင်သင်း တို့ကို ကျေးဇူးအများကြီးတင်ပါတယ် လုပ်အားပေး ဝိုင်းဝန်းကူညီ ကြတဲ့ We Love Yangon အဖွဲ့သားတွေနဲ့ Audio 5 ဦးအောင်ကိုလဲ ကျေးဇူးအများကြီးတင်ပါ တယ် စက်ပိုင်ရှင်တွေဆီတတ်နိုင်သမျှတော့ဖုန်းတွေဆက်ပြီး အကြောင်းကြားခဲ့ပါတယ် မရလိုက်တဲ့သူတွေရှိရင်လဲနားလည်ခွင့်လွှတ်ပေး ဖို့ တောင်းပန်ပါတယ်ရှင့် ” ဆိုပြီး အိမ့်ချစ်က ဝေမျှပေးခဲ့ပါတယ်။
Happy – Cele Zone