{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588668238562","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588668227261","source":"other","origin":"unknown"}

သူရဲ့ birthday show အလှူငွေထဲက အသက်ရှူစက်တစ်လုံး ဖောင်ကြီးဆေးရုံမှာထားရှိရန် လှူဒါန်းခဲ့တဲ့ စိုင်းစိုင်း

Posted on

ပရိသတ်ကြီးရေ စိုင်းစိုင်းကတော့ သီချင်းတွေကို ကိုယ်ပိုင်သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းက ထူးချွန်ထက်မြတ်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

ခေတ်မှီနုပျိုပြီး စမတ်ကျကျနေတတ်တာကလည်း စိုင်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ မမအရွယ်တွေကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သူရဲ့ birthday show အလှူငွေထဲက အသက်ရှူစက်တစ်လုံးကို ဖောင်ကြီးဆေးရုံမှာထားရှိရန် လှူဒါန်းခဲ့တဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေကြည့်ပြီး ကိုယ်တွေပါ အပျော်တွေကူးစက်ပြီး ကြည်နူးပီတိဖြစ်မိတာ အမှန်ပဲဖြစ်ပါတယ်။သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ်တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။နာမည်ကြီးအဆိုတစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။

Alexus – Cele Zone

Photo – Sai Sai Kham Leng

(ဇော်ဂျီဖြင့်ဖတ်ရန်)

သူရဲ႕ birthday show အလႉေငြထဲက အသက္ရွဴစက္တစ္လုံး ေဖာင္ႀကီးေဆး႐ုံမွာထားရွိရန္ လႉဒါန္းခဲ့တဲ့ စိုင္းစိုင္း

ပရိသတ္ႀကီးေရ စိုင္းစိုင္းကေတာ့ သီခ်င္းေတြကို ကိုယ္ပိုင္သံစဥ္ေတြဖန္တီးကာ စိတ္တိုင္းက်ေရးစပ္သီဆိုေလ့ရွိသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ကဗ်ာဆန္ဆန္ စာသားေလးေတြနဲ႔ မိန္းကေလး ပရိသတ္ေတြ အႀကိဳက္ေတြ႕ေအာင္ ဖန္တီးေရးသားေလ့ရွိသလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဘက္ဘက္က အျပစ္ေျပာစရာမရွိေအာင္ စိုင္းက ထူးခြၽန္ထက္ျမတ္တာေၾကာင့္လည္း ယေန႔တိုင္ နာမည္ကိုထိန္းထားႏိုင္တဲ့သူ ျဖစ္ပါတယ္။

ေခတ္မွီႏုပ်ိဳၿပီး စမတ္က်က်ေနတတ္တာကလည္း စိုင္းရဲ႕ဆြဲေဆာင္မႈရွိတဲ့အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ မမအ႐ြယ္ေတြကစလို႔ ဆယ္ေက်ာ္သက္အ႐ြယ္ ႏႈတ္ခမ္းနီမေလးေတြေတာ္ေတာ္မ်ားမ်ားရဲ႕အားေပးမႈရရွိထားတဲ့ သူလည္းျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ သူရဲ႕ birthday show အလႉေငြထဲက အသက္ရွဴစက္တစ္လုံးကို ေဖာင္ႀကီးေဆး႐ုံမွာထားရွိရန္ လႉဒါန္းခဲ့တဲ့ ပုံေလးေတြကိုေဖာ္ျပထားတာေတြ႕ရပါတယ္။

ပုံေလးေတြၾကည့္ၿပီး ကိုယ္ေတြပါ အေပ်ာ္ေတြကူးစက္ၿပီး ၾကည္ႏူးပီတိျဖစ္မိတာ အမွန္ပဲျဖစ္ပါတယ္။သူရဲ႕ အမာခံပရိတ္သတ္ေတြကလည္း ဟိုအရင္ခ်ိန္တစ္ေခတ္တစ္ခါထဲက အားေပးလာၾကတာ ယေန႔ထိ သူအေပၚအခ်စ္ေတြေလ်ာ့မသြားပဲ ပိုပိုတိုး ခ်စ္လာအားေပးလိုက္ၾကတာ စိုင္းစိုင္းရဲ႕ ေအာင္ျမင္မႈ လ်ိဳဝွက္ခ်က္ေလးပါပဲ။နာမည္ႀကီးအဆိုတစ္ေယာက္အျဖစ္ ေအာင္ျမင္႐ုံသာမကပဲ စီပြားေရးပိုင္းမွာလည္း ေအာင္ျမင္ေနသူလည္းျဖစ္ပါတယ္။

Alexus – Cele Zone

Photo – Sai Sai Kham Leng