လူပျိုကြီး အပျိုကြီးတွေ ပေါင်းပြီး Roထားတဲ့ ကားလေးမို့ အားကျမခံ ဦးဏကြီးကို ခေါ်ပြီးသွားကြည့်ခဲ့တဲ့ သုသုလေး

Posted on

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ချစ်စရာကောင်းပြီး သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ ချစ်ခင်ပွန်း ဖြစ်တဲ့ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်တဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ပရိသတ်တွေ အားပေးကြမ်းတဲ့ မင်းသား ဇာဏ်ခီိနဲ့ အတူ ရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးထဲက သုသုရဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ပရိသတ်တွေမကြာခင်မှာ ကြည့်ရှူရတော့မှာပါ။ ပရိသတ်တွေသိကြတဲ့ အတိုင်း ခင်ပွန်းဖြစ်သူ ဏကြီးအပေါ် ကလေးလေးတစ်ယောက်လို အမြဲဆိုးတတ်တဲ့ သုသုရဲ့ပုံစံလေးက ပရိသတ်တွေအတွက်တော့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့ သူလေးဖြစ်စေပါတယ်။

အခုလည်း အပျိုကြီး လူပျိုကြီးတွေပေါင်းတဲ့ Roထားတဲ့ ကားလေးဖြစ်တဲ့ ချိုးရုပ်ဇာတ်ကားလေးကို ခင်ပွန်းဖြစ်သူရဲ့ လက်ကိုဆွဲပြီး အတူသွားကြည့်ခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ပရိသတ်‌ အချစ်တော်သုသုက “မင်းသားလူပျိုကြီးရယ် ပရိုဂျူဆာလူပျိုကြီးရယ် ဇာတ်ညွှန်းဆရာလူပျိုကြီးရယ် ဒါရိုက်တာအပျိုမလေးရယ် မင်းသမီးအပျိုမလေးရယ်ပေါင်းပြီး အကြီးအကျယ် ‘Ro’ ထားကြတဲ့ ရုပ်ရှင်ဆိုတော့ ဒေါ်သုလည်းတစ်ယောက်တည်းသွားရင်မဖြစ်ချေဘူးဆိုပြီး “ဦးရေခဲ”ကိုအမိအရဆွဲခေါ်သွားလိုက်ရတယ် “အခမ်းနားဆုံးမေတ္တာ” ထဲက “လိပ်ပြာ”ရဲ့”ဦးနိုင်”ကို “ဝတုတ်လူဆိုး”ရဲ့ “ဦးဏ”ကိုခေါ်ပြီးသွားကြည့်ပစ်လိုက်တယ်….” ဆိုပြီး နှစ်ယောက်လက်တွဲပြီး ပြုံးရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြည်နူးစေဖို့အတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Paing Phyo Thu

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

လူပ်ိဳႀကီး အပ်ိဳႀကီးေတြ ေပါင္းၿပီး Roထားတဲ့ ကားေလးမို႔ အားက်မခံ ဦးဏႀကီးကို ေခၚၿပီးသြားၾကည့္ခဲ့တဲ့ သုသုေလး

အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလးျဖစ္တဲ့ ပိုင္ၿဖိဳးသုကေတာ့ ခ်စ္စရာေကာင္းၿပီး သ႐ုပ္ေဆာင္ေကာင္းတဲ့ မင္းသမီးေခ်ာေလးတစ္ေယာက္ပါ။ ခ်စ္ခင္ပြန္း ျဖစ္တဲ့ ဒါ႐ိုက္တာ ဏႀကီး ႐ိုက္ကူးထားတဲ့ မီ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္လိုက္တဲ့ ဇနီးေမာင္ႏွံလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပရိသတ္ေတြ အားေပးၾကမ္းတဲ့ မင္းသား ဇာဏ္ခီိနဲ႔ အတူ ႐ိုက္ကူးထားတဲ့ ထာဝရေႏွာင္ႀကိဳး ႐ုပ္ရွင္ဇာတ္ကားႀကီးထဲက သုသုရဲ႕ ပီျပင္ပိုင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကိုလည္း ပရိသတ္ေတြမၾကာခင္မွာ ၾကည့္ရႉရေတာ့မွာပါ။ ပရိသတ္ေတြသိၾကတဲ့ အတိုင္း ခင္ပြန္းျဖစ္သူ ဏႀကီးအေပၚ ကေလးေလးတစ္ေယာက္လို အၿမဲဆိုးတတ္တဲ့ သုသုရဲ႕ပုံစံေလးက ပရိသတ္ေတြအတြက္ေတာ့ အသည္းယားစရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းတဲ့ သူေလးျဖစ္ေစပါတယ္။

အခုလည္း အပ်ိဳႀကီး လူပ်ိဳႀကီးေတြေပါင္းတဲ့ Roထားတဲ့ ကားေလးျဖစ္တဲ့ ခ်ိဳး႐ုပ္ဇာတ္ကားေလးကို ခင္ပြန္းျဖစ္သူရဲ႕ လက္ကိုဆြဲၿပီး အတူသြားၾကည့္ခဲ့တဲ့ ၾကည္ႏူးစရာပုံရိပ္ေလးေတြကို ျမင္ေတြ႕ရမွာပါ။ ပရိသတ္‌ အခ်စ္ေတာ္သုသုက “မင္းသားလူပ်ိဳႀကီးရယ္ ပ႐ိုဂ်ဴဆာလူပ်ိဳႀကီးရယ္ ဇာတ္ၫႊန္းဆရာလူပ်ိဳႀကီးရယ္ ဒါ႐ိုက္တာအပ်ိဳမေလးရယ္ မင္းသမီးအပ်ိဳမေလးရယ္ေပါင္းၿပီး အႀကီးအက်ယ္ ‘Ro’ ထားၾကတဲ့ ႐ုပ္ရွင္ဆိုေတာ့ ေဒၚသုလည္းတစ္ေယာက္တည္းသြားရင္မျဖစ္ေခ်ဘူးဆိုၿပီး “ဦးေရခဲ”ကိုအမိအရဆြဲေခၚသြားလိုက္ရတယ္ “အခမ္းနားဆုံးေမတၱာ” ထဲက “လိပ္ျပာ”ရဲ႕”ဦးႏိုင္”ကို “ဝတုတ္လူဆိုး”ရဲ႕ “ဦးဏ”ကိုေခၚၿပီးသြားၾကည့္ပစ္လိုက္တယ္….” ဆိုၿပီး ႏွစ္ေယာက္လက္တြဲၿပီး ၿပဳံး႐ႊင္ေနတဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ေတြၾကည္ႏူးေစဖို႔အတြက္ တင္ေပးလိုက္ပါတယ္ေနာ္။