လက်ဆေးဖို့သတိပေးတဲ့သီချင်းလေးနဲ့ က နေတဲ့ ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ရဲ့ ချစ်စရာသမီးလေး

Posted on

ပျော်စရာမိသားစုဘဝလေးကိုထူထောင်ခဲ့တာ (၂) နှစ်ကျော်လောက်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဆိုတော်ဉာဏ်လင်းအောင်နဲ့ မော်ဒယ်ချမ်းချမ်းပိုင်တို့နှစ်ယောက်သားကတော့ ချစ်စရာသမီးလေးကိုပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ တစ်နှစ်ကျော်ပဲရှိသေးတဲ့ ကလေးလေးက အရမ်းကိုမျက်နှာချိုပြီး ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့အသည်းကျော်လေး ဖြစ်လို့နေပါတယ်။

အလုပ်နားနေတဲ့အချိန်တွေမှာဆိုရင် မိသားစုနဲ့အတူတူ အချိန်တွေကုန်ဆုံးပြီး ပျော်စရာလေး တွေလည်း ဖန်တီးတတ်ပါသေးတယ်။ ချစ်စရာသမီးလေးဟာ ဖေဖေ မေမေ အမောပြေစေမယ့် ရွှေရင်အေးလေးလည်းဖြစ်သလို ဘိုးဘိုးဘွားဘွားတို့ရဲ့ အနှစ်လေးလည်း ဖြစ်နေပြန်ပါတယ်။ မျက်နှာချိုပြီး ချစ်စရာကောင်းတဲ့ သွန်းလင်းရတီလေးကို မြင်သူတိုင်းက ချစ်ကြပါတယ်။

ဒီနေ့မှာလည်း လတ်တလောဖြစ်နေတဲ့ ရောဂါပိုးတွေနဲ့ ပတ်သက်ပြီး အဆိုတော်ဖြိုးပြည့်စုံ သီဆိုထားတဲ့ သီချင်းလေးကို ဖေဖေက ဆိုပေးပြီး သမီးလေးက အိုက်တင်လေးနဲ့ က နေတဲ့ ဗီဒီယိုလေးကို မေမေက လူမှုကွန်ရက်မှာ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်း လွန်းတဲ့ ကလေးလေးရဲ့ လှုပ်ရှားမှုဟန်ပန်လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Chan Chan Paing

(ဇော်ဂျီဖြင့်ဖတ်ရန်)

လက္ေဆးဖို႔သတိေပးတဲ့သီခ်င္းေလးနဲ႔ က ေနတဲ့ ဉာဏ္လင္းေအာင္နဲ႔ ခ်မ္းခ်မ္းပိုင္တို႔ရဲ႕ ခ်စ္စရာသမီးေလး

ေပ်ာ္စရာမိသားစုဘဝေလးကိုထူေထာင္ခဲ့တာ (၂) ႏွစ္ေက်ာ္ေလာက္ၾကာျမင့္ခဲ့ျပီျဖစ္တဲ့ အဆိုေတာ္ဥာဏ္လင္းေအာင္နဲ႔ ေမာ္ဒယ္ခ်မ္းခ်မ္းပိုင္တုိ႔ႏွစ္ေယာက္သားကေတာ့ ခ်စ္စရာသမီးေလးကိုပိုင္ဆိုင္ထားခဲ့ျပီပဲျဖစ္ပါတယ္။ တစ္ႏွစ္ေက်ာ္ပဲရွိေသးတဲ့ ကေလးေလးက အရမ္းကိုမ်က္ႏွာခ်ိဳျပီး ခ်စ္ဖို႔ေကာင္းလြန္းလို႔ ပရိသတ္ေတြရဲ႕အသည္းေက်ာ္ေလး ျဖစ္လို႔ေနပါ တယ္။

အလုပ္နားေနတဲ့အခ်ိန္ေတြမွာဆိုရင္ မိသားစုနဲ႔အတူတူ အခ်ိန္ေတြကုန္ဆံုးျပီး ေပ်ာ္စရာေလး ေတြလည္း ဖန္တီးတတ္ပါေသး တယ္။ ခ်စ္စရာသမီးေလးဟာ ေဖေဖ ေမေမ အေမာေျပေစမယ့္ ေရႊရင္ေအးေလးလည္းျဖစ္သလို ဘိုးဘိုးဘြားဘြားတို႔ ရဲ႕ အႏွစ္ေလးလည္းျဖစ္ေနျပန္ပါတယ္။ မ်က္ႏွာခ်ိဳျပီး ခ်စ္စရာေကာင္းတဲ့ သြန္းလင္းရတီေလးကို ျမင္သူတိုင္းက ခ်စ္ၾကပါတယ္။

ဒီေန႔မွာလည္း လတ္တေလာျဖစ္ေနတဲ့ ေရာဂါပိုးေတြနဲ႔ ပတ္သက္ျပီး အဆိုေတာ္ျဖိဳးျပည့္စံု သီဆိုထားတဲ့ သီခ်င္း ေလးကို ေဖေဖက ဆိုေပးျပီး သမီးေလးက အိုက္တင္ေလးနဲ႔ က ေနတဲ့ ဗီဒီယိုေလးကို ေမေမက လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ တာပဲျဖစ္ပါတယ္။ ခ်စ္စရာေကာင္းလြန္းတဲ့ ကေလးေလးရဲ႕ လႈပ္ရွားမႈဟန္ပန္ေလးကို တင္ဆက္ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Chan Chan Paing