{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588662937705","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588662916003","source":"other","origin":"unknown"}

ပရိသတ်တွေမမြင်ဖူးသေးတဲ့ မိသားစု ငယ်ဘဝပုံရိပ်လေးတွေထုတ်ပြလိုက်တဲ့ ယွန်းဝတီလွင်မိုး

Posted on

ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေးလေးလို့ ခေါ်နေကြတဲ့ သူမကတော့ ယခုတွင် မြန်မာနိုင်ငံမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။

ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုယူထားနိုင်တဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေး liamကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

သူမကတော့ ကလေးတစ်ယောက်အမေလို့မထင်ရအောင် ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းနေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ instagram အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ မိသားစု ပုံလေးတွေကြည့်ပြီး ကြည်နူးမိတာ အမှန်ပဲဖြစ်တာကြောင့် ပရိသတ်တွေ ကြည့်ရှုနိုင်စေရန် ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Alexus – Cele Zone 

Photo – Yunwaddy

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone 

Photo – Yunwaddy