မိခင်ရဲ့ဓာတ်ပုံရှေ့မှာ ဝမ်းပန်းတနည်းငိုနေရှာတဲ့ ဆုမြတ်နိုးဦးရဲ့ ဗီဒီယို

Posted on

ဆုမြတ်နိုးဦးရဲ့ မိခင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ ဦးနှောက်သွေးကြောပြတ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ခင်မင်ရသူတွေကလည်း စိတ်မကောင်း ဝမ်းနည်းရကြောင်း စာလွှာလေးတွေနဲ့ ဆုမြတ်နိုးဦးကိုလည်း အားပေးစကားလေးတွေ ပြောခဲ့ပါသေးတယ်။ အနီးကပ်ဆုံးအတူတူရှိခဲ့တဲ့ မိခင်က အခုလိုဆုံးပါးသွားတော့ ရင်ထဲမှာ မချိအောင်ခံစားနေရမှာပါ။

မိခင်ကိုဆုံးရှုံးဖူးသူတိုင်း ဒီခံစားချက်ကို ကောင်းကောင်းကြီးနားလည်ကြပါတယ်။ ဒီနေ့မှာလည်း သူမတို့သူငယ်ချင်းသုံးယောက် အတူတူသုံးတဲ့ Facebook Page လေးမှာ ” သမီး အမြဲ သတိရနေမှာပါ မေမေ ” ဆိုပြီး မိခင်အတွက် ပူဆွေးပြီး မျက်ရည်ကျနေတဲ့ ဆုမြတ်နိုးဦးရဲ့ ဗီဒီယိုလေးတစ်ခု တက်လာခဲ့ပါတယ်။

ချစ်ခင်အားပေးတဲ့ပရိသတ်တွေလည်း ဆုမြတ်နိုးဦးနဲ့ထပ်တူ စိတ်မကောင်းဖြစ်ကြောင်းကို မှတ်ချက်တွေရေးသားခဲ့ပါတယ်။ အမြဲပျော်ရွှင်နေတဲ့သူက အခုလို ငိုနေတာမြင်ရတော့ တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ အန်တီလည်းကောင်းရာဘုံဘဝကို အမြန်ဆုံးရောက်ရှိ ပြီး ပျော်ရွှင်သာယာတဲ့ ဘဝသစ်တစ်ခုမှာ ခံစားစံစားနိုင်ပါစေနော်။

Happy – Cele Zone
Photo – N.H.K ဗရမ်းပတာဘီအက်ဖ်အက်ဖ်များ

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိခင္ရဲ႕ဓာတ္ပံုေရွ႕မွာ ဝမ္းပန္းတနည္းငိုေနရွာတဲ့ ဆုျမတ္နိုးဦးရဲ႕ ဗီဒီယို

ဆုျမတ္ႏိုးဦးရဲ႕ မိခင္ဟာ ျပီးခဲ့တဲ့ရက္ပိုင္းေလာက္ကမွ ဦးေႏွာက္ေသြးေၾကာျပတ္ျပီး ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့ တာျဖစ္ပါတယ္။ ခင္မင္ရသူေတြကလည္း စိတ္မေကာင္း ဝမ္းနည္းရေၾကာင္း စာလႊာေလးေတြနဲ႔ ဆုျမတ္ႏုိးဦးကို လည္း အားေပးစကားေလးေတြ ေျပာခဲ့ပါေသးတယ္။ အနီးကပ္ဆံုးအတူတူရွိခဲ့တဲ့ မိခင္က အခုလိုဆံုးပါးသြားေတာ့ ရင္ထဲမွာ မခ်ိေအာင္ခံစားေနရမွာပါ။

မိခင္ကိုဆံုးရႈံးဖူးသူတိုင္း ဒီခံစားခ်က္ကို ေကာင္းေကာင္းၾကီးနားလည္ၾကပါတယ္။ ဒီေန႔မွာလည္း သူမတို႔သူငယ္ခ်င္း သံုးေယာက္အတူတူသံုးတဲ့ Facebook Page ေလးမွာ ” သမီး အျမဲ သတိရေနမွာပါ ေမေမ ” ဆိုျပီး မိခင္အတြက္ ပူေဆြးျပီး မ်က္ရည္က်ေနတဲ့ ဆုျမတ္ႏိုးဦးရဲ႕ ဗီဒီယိုေလးတစ္ခု တက္လာခဲ့ပါတယ္။

ခ်စ္ခင္အားေပးတဲ့ပရိသတ္ေတြလည္း ဆုျမတ္ႏိုးဦးနဲ႔ထပ္တူ စိတ္မေကာင္းျဖစ္ေၾကာင္းကို မွတ္ခ်က္ေတြေရးသားခဲ့ပါတယ္။ အျမဲေပ်ာ္ရႊင္ေနတဲ့သူက အခုလို ငိုေနတာျမင္ရေတာ့ တကယ္ကိုစိတ္မေကာင္းျဖစ္ရပါတယ္။ အန္တီလည္းေကာင္းရာဘံုဘဝကို အျမန္ဆံုးေရာက္ရွိ ျပီး ေပ်ာ္ရႊင္သာယာတဲ့ ဘဝသစ္တစ္ခုမွာ ခံစားစံစားႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – N.H.K ဗရမ္းပတာဘီအက္ဖ္အက္ဖ္မ်ား