လက်မှတ်ရေးထိုးပွဲလေး ကျင်းပခဲ့ပြီဖြစ်တဲ့ ချစ်စနိုးဦးနဲ့ ဖိုးသားတို့ စုံတွဲလေး

Posted on

ရုပ်ရှင်အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားများစွာနဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ချစ်စနိုးဦးက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့် ပရိသတ်တွေရင်ထဲမှာတော့ သူမရဲ့ သရုပ်ဆောင်ချက်တွေ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေက အမြဲထင်ကျန်နေစေတဲ့ သူလေးပါ။

ပရိသတ်တွေသိကြတဲ့အတိုင်း တစ်ယောက်ကိုယ်တစ်ယောက်သစ္စာရှိရှိနဲ့ လက်တွဲလာကြတဲ့ မင်းသမီးချောလေး ချစ်စနိုးဦးတို့ စုံတွဲလေးက အရမ်းကို ကြည်နူးစရာကောင်းတဲ့ စုံတွဲလေးပါ။ နှစ်ယောက်အကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သိပ်မတင်ဖြစ်ပေမယ့် အမာခံပရိသတ်တွေရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားတဲ့ ချစ်စနိုးဦးတို့ စုံတွဲလေးကတော့ ယခုဆိုရင် ပရိသတ်တွေ မျှော်လင့်နေတဲ့ အတိုင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားလေးကို ကျင်းပခဲ့ပါပြီ။

အရမ်းကိုလိုက်ဖက်တဲ့ ချစ်စနိုးဦးတို့ စုံတွဲ‌လေးရဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားလေးကိုတော့ ညီအမတွေကို ချစ်ရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက တက်ရောက်ချီးမြှင့်ခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ပရိသတ်ကြီးလည်း ချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား‌ပုံရိပ်လေးတွေကို ကြည့်ရင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါအုံးနော်…။

Source:စမိုင်းလ် (Smile)

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



