မိခင်ဖြစ်သူရဲ့ နာရေးကို လူအယောက်(၂၀) ပဲတက်ရောက်ခွင့်ပြုရမှာဖြစ်တဲ့အတွက်တောင်းပန်စကားဆိုခဲ့တဲ့ ဆုမြတ်နိုးဦး

Posted on

မေလ (၃) ရက်နေ့က ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မိခင်ကွယ်လွန်သူ ဒေါ်သန်းသန်းကြူ အားရည်စူး ပြီး ဒီနေ့ မေလ (၄) ရက်နေ့ နံနက် ၇နာရီ အချိန် နေအိမ်မှာ ဆွမ်းသွတ်တရားနာ အမျှ ပေး ဝေခဲ့တယ်လို့သိရပါတယ် ။ .နေ့လည် (၁၂) ခွဲမှာ ရေဝေး အစ္စလာမ်သုဿန်မှာ မိခင်ဖြစ်သူ ရဲ့ မိဘ မောင်နှမ များဆန္ဒ နဲ့ မိသားစုသဘောဆန္ဒ အရ မြေမြုပ် (ဒွါဖနာ)ပြီးစီးခဲ့တယ်လို့သိရပါတယ် ။

ဆေးရုံတက်စဉ်အတွင်းဂရုစိုက်ကုသပေးကြတဲ့ ရန်ကုန်ဆေးရုံကြီးမှတာဝန်ရှိသူများ ဆရာဆရာမအားလုံးနဲ့ ဝမ်းနည်းကြေကွဲ ကြောင်း လူကိုယ်တိုင်လာရောက်ပြောကြားအားပေးစကားပြောကြသော မိတ်ဆွေများ ၊Ph, Fb,messengers ,viber မှဆွေမျိုးမိတ်ဆွေများ၊ အနီးဆုံးအနားမှာရှိနေပေးကြသူများအားလုံး တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် လို့လည်း ဆုမြတ်နိုးဦးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင် စကားဆိုခဲ့တာဖြစ်ပါတယ် ။

အသုဘ အခမ်းအနားမှာ လူဦးရေ ၂၀ သာတက်ရောက် ခွင့်ပြုတဲ့အတွက် အားလုံး နားလည်ခွင့်လွတ်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ် ။ ဆုမြတ်နိုးဦးရဲ့ မိခင် ဒေါ်သန်းသန်းကြူတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Hsu Myat Noe Oo
Emily (Cele Zone )