Stay Home ကာလတွေမှာ ရှုတင်တွေကို လွမ်းနေပြီလို့ ပြောလာတဲ့ အိချောပို

Posted on

ပရိသတ်ကြီးရေ မင်းသမီးချော အိချောပိုကတော့ မြင်သူငေးတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ စင်တင်မင်းသမီးတစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး ရုပ်ရှင်ကား ကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့မခြား သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အိချောပိုက ရုပ်ရှင်ကားကြီးတွေကို ပိုရိုက်ကူးလာသလို သူမရဲ့ သရုပ် ဆောင်စွမ်းရည်တွေကလည်း အံ့သြဖွယ်ကောင်း လောက်အောင် သဘာဝကျပီ ပြင်လာ တာ တွေ့ရပါတယ်။

ဒါပေမယ့် တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် လူစုလူဝေးလုပ်လို့မရတဲ့အတွက် အားလုံးက Stay Home လုပ်ပြီးရောဂါဆိုးကြီးကို ကာကွယ်နေကြရတာပါ ။ စူစူလို့ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ အိချောပိုကတော့ မနှစ်က ချိုးရုပ် ရုပ်ရှင် ကားကြီး ရိုက်ကူးခဲ့စဉ်က ရှုတင်အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ 1 year ago…တဲ့…Shooting တွေလွမ်းနေပါပြီနော် ဆိုတဲ့ စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားလာခဲ့ပါတယ် ။ စူစူ ပရိသတ်တွေကတော့ ပုံအသစ်တွေနဲ့ Live တွေလွှင့်ဖို့မျှော်နေမယ် ဆိုတဲ့ မှတ်ချက်လေးတွေရေးသားပြီး သူမကို အားပေးဝန်းရံနေကြတာတွေ့ရပါတယ် ။

လတ်တလော Stay home ကာလမှာ စူစူ တစ်ယောက် Tik Tok လေးတွေရိုက်ပြီး မကြာခဏ ပရိသတ်တွေကို မျှဝေပေးနေသလို Live လေးတွေလွှင့်ပြီးတော့လည်း ပရိသတ်နဲ့အဆက်မပြတ်အောင် ကြိုးစားနေတာဖြစ်ပါတယ် ။ စူစူက ရှုတင်ကိုလွမ်းနေသလို စူစူ့ပရိသတ်တွေကလည်း ဇာတ်ကားသစ်တွေကို လွမ်းနေပါပြီတဲ့နော် ။

Source : Ei Chaw Po
Emily (Cele Zone )