ကပ်ရောဂါကြီး မြန်မြန်ပြီး ပြီးGym တွေပြန်ဖွင့်ဖို့မျှော်လင့်နေတဲ့ ဟန်လေး ( နန်းရွေအေး )

Posted on

Cele Zone ပရိသတ်ကြီးရေ ဟန်လေးလို့ ပရိသတ်တွေသိထားတဲ့ မော်ဒယ်မင်းသမီးချောလေး နန်းရွှေအေးကတော့ Miss University Myanmar,first runner up ဆုရှင်တစ်ယောက်ဖြစ်သလို New Best-T tooth paste ရဲ့ Brand Ambassadors တစ်ယောက်ပဲဖြစ်ပါတယ် ။ ဟန်လေးကတော့ မူဆယ်မြို့ကနေ လာတဲ့ ရှမ်းမလေးတစ်ယောက်ဖြစ်ပြီး သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။

မော်ဒယ်လ်လောကမှာ ပရိသတ်တော်တော်များများသတိထားမိတဲ့ သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို မျှဝေပေးပြီး ပရိသတ်နဲ့ အဆက်မပြတ်ထိတွေ့နေတဲ့ အနုပညာရှင်တစ်ယောက် လည်းဖြစ် ပါတယ် ။ လတ်တလောမှာတော့ Lock Down ကာလမှာ အိမ်တွင်းအောင်းရင်း မြင်မြင်သမျှစားချင်နေတဲ့ ဟန်လေးက သူမရဲ့ ဘော်ဒီ ဝိတ်တက်လာမှာစိုးရိမ်တဲ့အတွက် Gym တွေအမြန်ဆုံးပြန်ဖွင့်မို့မျှော်လင့်နေကြောင်း သူမရဲ့ မိုင်ဒေးမှာ ရေးသား လာခဲ့ပါတယ် ။

ပိန်ပိန်သွယ်သွယ်လေးနဲ့ မော်ဒယ်လ်တစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ပြည့်စုံနေတဲ့ ဟန်လေးကတော့ Lock Down ကာလမှာ စားချင်တာတွေများပြီး မနားတမ်းစားနေမိတဲ့အတွက် ပရိသတ်တွေ စိတ်မပျက်ဖို့ Gym ပြန်ဆော့ချင်နေတာပါတဲ့ ပရိသတ်ကြီးရေ ..။ ဟန်လေးကိုချစ်တဲ့ Cel e Zone ပရိသတ်ကြီးရော Gym တွေပြန်ဖွင့်ဖို့မျှော်နေကြပြီလား ။

Source : Nan Shwe Aye
Emily (Cele Zone)