ကြူနေတယ်လို့ စွပ်စွဲသူတွေကို ဒဲ့ပြောလိုက်တဲ့ ယဉ်လတ်

Posted on

အနုပညာလမ်းကြောင်းပေါ်မှာ တော်တော်လေးနေရာ ရလာပြီဖြစ်တဲ့ ဖိုက်တာမလေးအဖြစ် လူသိများသူ ယဉ်လတ်ကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ တက်သစ်စ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဆိုတဲ့ နိုင်ငံအကျိုးပြုကားလေးမှာ ပရိသတ်တွေ စတင်သတိထားမိလာခဲ့တဲ့ မင်းသမီးလေးဆိုလည်း မမှားပါဘူးနော် ။ မိန်းမ ဆန်ဆန်မနေတတ်တဲ့ သူမရဲ့ ပုံစံလေးကို ပရိသတ်တွေက အချစ်ပိုနေကြတာပါ ။

သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲလိုလိုမျှဝေပေးနေတဲ့ ယဉ်လတ်တစ်ယောက် လတ်တလောမှာတော့ တစ်ယောက်တည်းနေချင်တဲ့ အချိန်ဆိုတာရှိပါတယ် တစ်ယောက်ထဲ အေးဆေးလေးနေချင်လို့ဘယ်သူ့ကိုမှ စကားမပြောတာကို ဘာလို့စာမပြန်တာလဲ ဘယ်သူနဲ့ပြောနေတာလဲ ကြူနေတာလားဆိုပြီး မစွတ်စွဲကြပါနဲ့ မသမုတ်ကြပါနဲ့ ငါ့ကိုအချိန်ပေးပါ ဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးကနေတဆင့် ရေးသားထားတာတွေ့ရပါတယ် ။

အမြဲပျော်ပျော်နေတတ်ပြီး ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေးနေတတ်တဲ့ ယဉ်လတ်တစ်ယောက် စိတ်အနှောက်ယှက်ဖြစ် လောက်အောင် စွပ်စွဲပြောဆိုနေကြလို့အခုလိုရေးသားလာခဲ့ဟန်တူပါတယ် ။ ယဉ်လတ်ရဲ့ ပရိသတ်ကြီးကလည်း အခုတလော သူမစိတ်အနှောက်ယှက်ဖြစ်စရာတွေကြုံနေရတာမို့ နားလည်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်နော် .။

Source : Yin Let
Emily (Cele Zone)