အားလုံး Stay Home နေချိန်ကို အိမ်မှာမနားဘဲ ပရဟိတအလုပ်တွေလုပ်နေတဲ့ မင်းသားကြီးဦးကျော်သူ

Posted on

ပရဟိတမင်းသားကြီးဦးကျော်သူကတော့ စံထားရလောက်တဲ့ ပရဟိတသမားပါပဲ။ ငယ်စဉ် ကတည်းက အနုပညာအလုပ်တွေကို နှစ်နှစ်ချိုက်ချိုက်လုပ်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကိုရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက်အရွယ်တစ်ခု ရနေပြီဖြစ်ပြီး ကိုယ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေလည်းလုပ်သလို ပရဟိတအလုပ်တွေနဲ့လည်း ပျော်မွေ့နေခဲ့ ပါတယ်။

 

 

 

မန္တလေးမှာ သူ့ပုံနဲ့ Billboard တင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အများအတွက် ကောင်းကျိုးဖြစ်မယ်ဆိုရင် အဆင်ပြေကြောင်းနဲ့ တစ်ဦးတစ်ယောက်တည်းရဲ့အကျိုးအတွက် ဆိုရင်တော့ ဒီလိုသုံးခွင့်မပြုဘူးဆိုတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။ နာရေးကူညီမှု ပရဟိတကိုလုပ်လာခဲ့တာ အချိန်တွေကြာလာခဲ့ပြီဖြစ်ပြီး လူတိုင်းလိုလိုက ဦးကျော်သူကိုတွေ့တာနဲ့ နိမိတ်မကောင်းလို့ ပြောကြတဲ့အပေါ်မှာလည်း ဘယ်လိုမှ အထွေအထူး မခံစားရတဲ့အကြောင်းပြောခဲ့ပါသေးတယ်။

 

 

 

 

ဒီနေ့ကူညီခဲ့တဲ့ပုံရိပ်တွေကို ” ယနေ့ ကုသိုလ်ထုပ်(၂)ထုပ်သယ်ဆောင်ခဲ့ပါပြီ။ ယနေ့ နာရေးကူညီမှု ကုသိုလ်တော်အဖြစ် မြောက်ဒဂုံနေ အမေကြီးဒေါ်သန်းအိ အသက် (၉၁) နှစ် နှင့် ဝိတိုရိယဆေးရုံမှ အမေဒေါ်ဘီတင်(ခ) ဒေါ်သန်းသန်းဆွေ အသက်(၇၆)နှစ်တို့၏ ဘဝတစ်ပါး ပြောင်းလဲသွား၍ ကျန်ရစ်သောရုပ်ခန္ဓာတို့အား ရေဝေးသုသာန်သို့ပို့ဆောင်သင်္ဂြိုလ်မှု လမ်းကြောင်းနှစ်ခု ကုသိုလ် ကောင်းမှုအား ရုပ်ရှင် သရုပ်ဆောင်ပရဟိတသမား ထွန်းကိုကိုနှင့် နာကူပရဟိတသမားများဖြင့် အတူကုသိုလ်ယူခဲ့ပါသည်။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

 

 

Happy – Cele Zone
Photo – Kyaw Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)

အားလံုး Stay Home ေနခ်ိန္ကို အိမ္မွာမနားဘဲ ပရဟိတအလုပ္ေတြလုပ္ေနတဲ့ မင္းသားႀကီးဦးေက်ာ္သူ

ပရဟိတမင္းသားႀကီးဦးေက်ာ္သူကေတာ့ စံထားရေလာက္တဲ့ ပရဟိတသမားပါပဲ။ ငယ္စဥ္ ကတည္းက အႏုပညာအလုပ္ေတြကို ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္လုပ္ခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ တခဲနက္ အားေပးမႈကိုရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသက္အ႐ြယ္တစ္ခုရေနၿ ပီျဖစ္ၿပီး ကိုယ္ျမတ္ႏိုးတဲ့ အႏုပညာအလုပ္ေတြလည္းလုပ္သလို ပရဟိတအလုပ္ေတြနဲ႔လည္း ေပ်ာ္ေမြ႕ေနခဲ့ ပါတယ္။

မႏၲေလးမွာ သူ႔ပုံနဲ႔ Billboard တင္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့လည္း အမ်ားအတြက္ ေကာင္းက်ိဳးျဖစ္မယ္ဆိုရင္ အဆင္ေျ ပေၾကာင္းနဲ႔ တစ္ဦးတစ္ေယာက္တည္းရဲ႕အက်ိဳးအတြက္ ဆိုရင္ေတာ့ ဒီလိုသုံးခြင့္မျပဳဘူးဆိုတဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ပါတယ္။ နာေရးကူညီမႈ ပရဟိတကိုလုပ္လာခဲ့တာ အခ်ိန္ေတြၾကာလာခဲ့ၿပီျဖစ္ၿပီး လူတိုင္းလိုလိုက ဦးေက်ာ္သူ ကိုေတြ႕တာနဲ႔ နိမိတ္မေကာင္းလို႔ေျပာၾကတဲ့အေပၚမွာလည္း ဘယ္လိုမွ အေထြအထူး မခံစားရတဲ့အေၾကာင္းေျပာခဲ့ပါေသးတယ္။

ဒီေန႔ကူညီခဲ့တဲ့ပုံရိပ္ေတြကို ” ယေန႔ ကုသိုလ္ထုပ္(၂)ထုပ္သယ္ေဆာင္ခဲ့ပါၿပီ။ ယေန႔ နာေရးကူညီမႈ ကုသိုလ္ေတာ္အျဖစ္ ေျမာက္ဒဂုံေန အေမႀကီးေဒၚသန္းအိ အသက္ (၉၁) ႏွစ္ ႏွင့္ ဝိတိုရိယေဆး႐ုံမွ အေမေဒၚဘီတင္(ခ) ေဒၚသန္းသန္း ေဆြ အသက္(၇၆)ႏွစ္တို႔၏ ဘဝတစ္ပါးေျပာင္းလဲသြား၍ က်န္ရစ္ေသာ႐ုပ္ခႏၶာတို႔အား ေရေဝးသုသာန္သို႔ပို႔ေဆာင္သၿဂႋဳလ္မႈ လမ္းေၾကာင္းႏွစ္ခု ကုသိုလ္ ေကာင္းမႈအား ႐ုပ္ရွင္သ႐ုပ္ေဆာင္ပရဟိတသမား ထြန္းကိုကိုႏွင့္ နာကူပရဟိတသမားမ်ားျဖင့္ အတူကုသိုလ္ယူခဲ့ပါသည္။ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Kyaw Thu