လှူချင်တာလှူဖို့ဆိုပြီး ယုန်လေးရဲ့ဘဏ်စာရင်းထဲကို ငွေ (၁၇) သိန်း လွှဲပေးခဲ့တဲ့ ထိုင်းမော်ဒယ်

Posted on

အကူအညီလိုအပ်သူတိုင်းကို အဆင်ပြေသလိုသွားရောက်လှူတန်းပေးတတ်တဲ့ ယုန်လေးတစ်ယောက် အခုလို ကျပ်တည်းနေတဲ့အချိန်မှာ လိုအပ်သူတိုင်းလိုလို ကူညီရတာကြောင့် နောက်ဆုံးကူညီခဲ့တဲ့ ဆိုက်ကားဆရာပြီးရင် သူ့မှာထပ်ပြီးကူညီဖို့ ငွေကြေးအဆင်မပြေတော့တဲ့ အကြောင်းကို လူမှုကွန်ရက်မှာ ပြောပြခဲ့ပါသေးတယ်။

ငွေကြေးမကူညီနိုင်တာတောင် ဝါသနာတူ Rapper လေး A4 ကျော်စွာကို စတူဒီယိုခေါ်ပြီး ကျော်စွာကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်း ကို သီဆိုစေခဲ့ပါတယ်။ အဆိုတော်မိုးမိုးကလည်း စန္ဒယားတီပြီး ဂီတကုသိုလ်လုပ်ခဲ့ပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာမဖြည့်ဆည်းပေးနိုင် ရင်တောင် စိတ်ပိုင်းဆိုင်ရာကို ပျော်ရွှင်အောင်ဖြည့်ဆည်းပေးတတ်တဲ့ အကျင့်လေးက ချစ်စရာပါ။

ဒီနေ့မှာတော့ ယုန်လေးတစ်ယောက် ပျော်စရာသတင်းလေးကို ” တကယ် ဝမ်းသာတယ်ဗျာ ကျွန်တော် လှူချင်တာလှူ ဖို့ဆိုပြီး Bank ထဲကို မြန်မာငွေ (၁၇) သိန်း လွှဲပေးလိုက်ပါတယ် . သူကတော့ ထိုင်းမော်ဒယ်လေး Alisa Alisa Maneenok Boss Koy ပါ ရှေ့တစ်ခေါက် ဆေးရုံ ဝန်ထမ်းတွေကိုလှူတုန်းကလည်း (၅) သိန်းပါဝင်ကူပါတယ် အခု တောင်ဒဂုံမှာ မိန်းကလေး တစ်ယောက်ထဲ သက်ကြီးရွယ်အို တွေနဲ့ တစ်မိသားစုလုံးကို လုပ်ကျွေးနေပြီး ပေါင်သွေးကြောခဲ သွားလို့ ဒုက္ခရောက်နေတဲ့ ညီမလေးတို့ မိသားစုကို သွားကူပါမယ် Alisa Koy ကိုလည်း အထူးကျေးဇူးပါ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo -Yone Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

လႉခ်င္တာလႉဖို႔ဆိုၿပီး ယုန္ေလးရဲ႕ဘဏ္စာရင္းထဲကို ေငြ (၁၇) သိန္း လႊဲေပးခဲ့တဲ့ ထိုင္းေမာ္ဒယ္

အကူအညီလိုအပ္သူတိုင္းကို အဆင္ေျပသလိုသြားေရာက္လႉတန္းေပးတတ္တဲ့ ယုန္ေလးတစ္ေယာက္ အခုလို က်ပ္တည္းေနတဲ့ အခ်ိန္မွာ လိုအပ္သူတိုင္းလိုလို ကူညီရတာေၾကာင့္ ေနာက္ဆုံးကူညီခဲ့တဲ့ ဆိုက္ကားဆရာၿပီးရင္ သူ႔မွာထပ္ၿပီးကူညီဖို႔ ေငြေၾကး အဆင္မေျပေတာ့တဲ့အေၾကာင္းကို လူမႈကြန္ရက္မွာ ေျပာျပခဲ့ပါေသးတယ္။

ေငြေၾကးမကူညီႏိုင္တာေတာင္ ဝါသနာတူ Rapper ေလး A4 ေက်ာ္စြာကို စတူဒီယိုေခၚၿပီး ေက်ာ္စြာကိုယ္တိုင္ေရးစပ္ထားတဲ့ သီခ်င္းကို သီဆိုေစခဲ့ပါတယ္။ အဆိုေတာ္မိုးမိုးကလည္း စႏၵယားတီၿပီး ဂီတကုသိုလ္လုပ္ခဲ့ပါေသးတယ္။ ႐ုပ္ပိုင္းဆိုင္ရာမျ ဖည့္ဆည္းေပးႏိုင္ရင္ေတာင္ စိတ္ပိုင္းဆိုင္ရာကို ေပ်ာ္႐ႊင္ေအာင္ျဖည့္ဆည္းေပးတတ္တဲ့ အက်င့္ေလးက ခ်စ္စရာပါ။

ဒီေန႔မွာေတာ့ ယုန္ေလးတစ္ေယာက္ ေပ်ာ္စရာသတင္းေလးကို ” တကယ္ ဝမ္းသာတယ္ဗ်ာ ကြၽန္ေတာ္ လႉခ်င္တာလႉ ဖို႔ဆိုၿပီး Bank ထဲကို ျမန္မာေငြ (၁၇) သိန္း လႊဲေပးလိုက္ပါတယ္ . သူကေတာ့ ထိုင္းေမာ္ဒယ္ေလး Alisa Alisa Maneenok Boss Koy ပါ ေရွ႕တစ္ေခါက္ ေဆး႐ုံ ဝန္ထမ္းေတြကိုလႉတုန္းကလည္း (၅) သိန္းပါဝင္ကူပါတယ္ အခု ေတာင္ဒဂုံမွာ မိန္းကေလး တစ္ေယာက္ထဲ သက္ႀကီး႐ြယ္အိုေတြနဲ႔ တစ္မိသားစုလုံးကို လုပ္ေကြၽးေနၿပီး ေပါင္ေသြးေၾကာခဲ သြားလို႔ ဒုကၡေရာက္ေနတဲ့ ညီမေလးတို႔ မိသားစုကို သြားကူပါမယ္ Alisa Koy ကိုလည္း အထူးေက်းဇူးပါ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo -Yone Lay