{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588582524823","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588582509078","source":"other","origin":"unknown"}

ရှင်သန်ရေး ကူညီမှုအသင်းကို ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

Posted on

ချစ်ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်သူကတော့ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ သူမကိုတော့ ပရိသတ်တွေက ယနေ့ချိန်ထိ အားပေးချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကြောင့် မခိုင်ကြီးက မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။မခိုင်ကြီးရဲ့ချစ်ခင်ပွန်းကတော့ ဇနီးသည်ရဲ့အနုပညာအလုပ်တွေကိုတစ်ဖက်တစ်လမ်းကနေတတ်နိုင်သလောက်ကူညီပေးပြီး နားလည်မှုအပြည့်ပေးထားတာလည်းဖြစ်ပါတယ်နော်။

တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေသလို ယနေ့အချိန်ထိလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ မခိုင်ကြီးက လတ်တလောမှာတော့ ရှင်သန်ရေး ကူညီမှုအသင်းကို ငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့ပုံလေးကို ဖော်ပြထားတာတွေ့ရပါတယ်။တကယ်ကိုလေးစား အားကျစရာကောင်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်နော်။

Alexus – Cele Zone

Photo – Htun Aeindra Bo 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Htun Aeindra Bo