အန်ကယ်လေး (လူမင်း) နဲ့ ပျော်စရာအမှတ်တရလေးတွေရှိခဲ့ဖူးတဲ့အကြောင်း ပြောပြလာတဲ့ ညီညီမောင်

Posted on

သူမဘဝအကြောင်းလေးတွေပြောပြတတ်တဲ့ညီညီမောင်တစ်ယောက် ဒီတစ်ခေါက်မှာလည်း ” ” ငါ့သွေး ငါ့ဓါး ငါ့ဧရာဝတီ ” ရုပ်ရှင်ကား ကြီးရိုက်ကူးတုန်းက အမှတ်တရပုံလေးပါ မင်းသား ကိုလူမင်း မင်းသမီးနန္ဒာလှိုင် ဒါရိုက်တာကတော့ ဦးထွန်းအောင်ဇော်ပါ ရိုက်ကွင်းက လှော်ကား မှာပါ ဆက်တင်တွေကစ စီစဉ်ပြီးရိုက်ကူးခဲ့ရတာပါ အန်ကယ်လေးနဲ့ကတော့ အမြဲရိုက်ကွင်း တိုင်းလိုလိုဆုံဖြစ်တာများပါ တယ် အဲ့ခေတ်က စူပါစတား ထိပ်တန်းမင်းသမီးကို ရှုတင်လိုက် တော့ ထိပ်တန်းစူပါတွေနဲ့ အမြဲဆုံရတာလည်းမဆန်းပါဘူး အမြဲဆန်း နေတာကတော့ကျမပါ မိတ်ကပ်လိမ်းတဲ့ အချိန်မှာသာ မိတ်ကပ်ဆရာ ကျန်တဲ့အချိန်မှာ က အနုပညာရှင်တိုင်းရဲ့ ပရိသတ်ပါ ကျမက လွယ်လွယ်ပြောရရင်တော့ ရုပ်ရှင်ရူးမလေးပေါ့ရှင် ရှုတင်မှာဆုံသမျှ မင်းသာမင်းသမီး ဇာတ်ပို ဇာတ်ရံ ရောက်နေတဲ့နေရာက ရှူခင်းက စဓါတ်ပုံရိုက် မှတ်တမ်းတင် ရတာ ကျမဝါသနာပါ ရိုက်ထားတဲ့ ပုံလေးတွေ အယ်လဘန်နဲ့ အမှတ်တရသိမ်းကြည့်ရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး အဲလို အသိမ်းကောင်းလို့လဲ ခုလို စကားပြောသောပုံလေးတွေ ကျန်နေတာပေါ့ရှင် အဲ့ခေတ်အဲ့ခါက ဒစ်ဂျစ်တယ် ကင်မရာမရှိပါဘူး ဖလင်ခေတ်ပေါ့ ကင်မရာ လေးဝယ်တာ (၁၅၀၀၀) ပေးရပါတယ် ဓါတ်ခဲ (၂) လုံးအသေးထည့်ရတယ် ဖလင်ဝယ်ထည့် ရိုက်ရတာပါ ဓါတ်ပုံ က (၃၀) ကျော်ထွက်ပါတယ် ဖလင်တလိပ်ကို ကင်မရာဝယ်မိလို့ အဲ့လမှာ မှတ်မှတ်ရရ အိမ်ကိုပိုက်ဆံမအပ်နိုင်လို့ လက်ကရွှေလက်စွပ်လေးအပေါင်ဆိုင်ပို့လိုက်ရတယ် ဒါကတော့ ဓါတ်ပုံတွေရဖို့ အရင်းနှီးလေးပေါ့ရှင် ”

” အန်ကယ်လေး သဘောကောင်းတယ် အစနောက်သန်တယ် ပျော်တတ်တဲ့မင်းသား တစ်ယောက်ပါ ဒီဓါတ်ပုံရိုက်မယ်ဆိုတော့ ကိုယ်တွေကလည်း အကို့ပရိသတ်ဆိုတော့ ချစ်တာလေ ဖက်ရိုက်ချင်တာ ဖက်ခွင့်ရတုန်းဖက်ပြီးရိုက်ချပလိုက်တယ် ထင်တာ မင်းသား ဆိုတော့ အိုက်တင်ပေးမယ်ပေါ့ ကိုယ်ကဖက်ထားတယ်ပေါ့ ရိုက်တုန်းက ဒီခေတ်လို ဒစ်ဂျစ်တယ် မဟုတ်တော့ ချက်ချင်းကြည့်လို့မရဘူး လေ ဓါတ်ပုံထုတ်တဲ့ဆိုင်မှာဖလင်သွားအပ် တပတ် လောက်ချိန်း ရက်ချိန်းပြည့် မှပုံသွားရွေးရတာပေါ့ရှင် ပုံလည်းထွက်လာရော ပါးစပ်အဟောင်း သားဖြစ်ပါလေရော အန်ကယ်လေးပုံသာကြည့်ပါတော့ ဒီတိုင်းရိုက်ရင်သာ အမှတ်တရ ဖြစ်ချင်ဖြစ်မယ် ခုပုံလေး ကတော့တကယ် အမှတ်တရပါပဲ မိတ်ကပ်သမား လုပ်ဖော်ကိုင်ဖက်တွေ အပေါ် တန်းတူဆက်ဆံနိုင်တာတွေ့ရပါလိမ့်မယ် အန်ကယ်လေး စိတ်ထားပျော်တတ်တာလေးကို အန်ကယ်လေး အိမ်ထောင်ကျပြီးတော့ ပုပ္ပါးမှာကားရိုက်ဆုံပြန်ရော အဲ့မှာ အန်ကယ်လေးဇနီး မစံပယ် ပါလာပါတယ်။ ချစ်စရာကောင်းသလို စိတ်ထားလေးလည်းကောင်းမှကောင်း ရိုးရိုးအေး လေးပါ ရူတင်မှာဆိုလဲ မုန်တွေဘာတွေကစ မိတ်ကပ်သမားကစ ကျွေးတက်တဲ့သူလေးပါ အန်ကယ်လေးနဲ့လည်းလိုက်ဖက်လွန်းလှပါတယ် ”

” အဲ့ချိန်အခါက အန်ကယ်လေးကိုဆံပင်ပိုင်း တာဝန်ယူပေးတဲ့ သူကတော့ မိတ်ကပ်ဆံပင် ပညာရှင် မာမီစိန်ပါပဲ အန်ကယ်လေးတို့ မိသားစုက မာမီစိန်အပေါ်လည်းမိသားစုလိုပဲ တလေးတစားဆက်ဆံကြပါတယ် ကျန်စစ်မင်း၊ ချစ်သောအရိမဒ္ဒနပူရ၏မဟာအောင်ပွဲ၊ ပုပ္ပါးရွာသူမြမင်းမူ စသော ရုပ်ရှင်ဗီဒီရိုကားပေါင်းများစွာမှာလဲ မာမီစိန်က ကိုယ်လူမင်းရဲ့ ဆံပင်ကို အထူးပြုလုပ်ပေးခဲ့ပါတယ် မာမီစိန်က သင်ဆရာထဲမှာမပါပေမဲ့ မြင်ဆရာထဲမှာ ပါပါတယ် အန်ကယ်လေး ဆံပင်တုတပ်တာတွေကြည့်ကူရင်း ပညာလည်းရခဲ့ပါ တယ် ယခုချိန် မှာတော့ မာမီစိန်ကွယ်လွန်သွားခဲ့ပါပြီ မာမီစိန်မကွယ်လွန်ခင်အချိန်ထိလဲ အန်ကယ်လေးတို့ မိသားစုက ကြည့်ရှုစောင့် ရှောက်ပါတယ် အန်ကယ်လေးဆို ကျမကို စ နေကျကတော့ ဒါဝတ်တဲ့ ကျမမှာ ဘောင်းဘီရှည် (၂) ထည်ပဲရှိတာလေ ရှုတင်လာရင်ဒါပဲ ဝတ်ဝတ်လာလို့ စတာပါ ပျော်ခဲ့ရပါတယ် ရုပ်ရှင်ဗီဒီရိုကားပေါင်းများစွာ ဆုံခဲ့ဖူးပါတယ် ယနေ့ထက်တိုင်လည်း ရှုတင်တွေမှာတွေ့ရင် အကိုတစ်ယောက်လို နေကောင်းလား အဆင်ပြေလား အမြဲချစ်ခင်လျက် ပါပဲ တခါတလေ ကိုယ်မလိုက်နိုင်လို့ တပည့်တွေရှုတင်လိုက် ရင်လဲ အမြဲမေးပါတယ် သတိတရ အမှတ်တရများစွာပါပဲ အန်ကယ်လေးရေ မိတ်ကပ်ပညာရှင်တွေကိုတန်ဖိုးထားတဲ့ အန်ကယ်လေးနဲ့ မစံပယ် မိသားစု ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ ” ဆိုပြီး အန်ကယ်လေးနဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

အန္ကယ္ေလး (လူမင္း) နဲ႔ ေပ်ာ္စရာအမွတ္တရေလးေတြရွိခဲ့ဖူးတဲ့အေၾကာင္း ေျပာျပလာတဲ့ ညီညီေမာင္

သူမဘဝအေၾကာင္းေလးေတြေျပာျပတတ္တဲ့ညီညီေမာင္တစ္ေယာက္ ဒီတစ္ေခါက္မွာလည္း ” ” ငါ့ေသြး ငါ့ဓါး ငါ့ဧရာဝတီ ” ႐ုပ္ရွင္ကားႀကီး႐ိုက္ကူးတုန္းက အမွတ္တရပုံေလးပါ မင္းသား ကိုလူမင္း မင္းသမီးနႏၵာလႈိင္ ဒါ႐ိုက္တာကေတာ့ ဦးထြန္းေအာင္ ေဇာ္ပါ ႐ိုက္ကြင္းက ေလွာ္ကား မွာပါ ဆက္တင္ေတြကစ စီစဥ္ၿပီး႐ိုက္ကူးခဲ့ရတာပါ အန္ကယ္ေလးနဲ႔ကေတာ့ အၿမဲ႐ိုက္ကြင္း တိုင္းလိုလို ဆုံျဖစ္တာမ်ားပါတယ္ အဲ့ေခတ္က စူပါစတား ထိပ္တန္းမင္းသမီးကို ရႈတင္လိုက္ ေတာ့ ထိပ္တန္းစူပါေတြနဲ႔ အၿမဲဆုံရတာလည္း မဆန္းပါဘူး အၿမဲဆန္းေနတာကေတာ့က်မပါ မိတ္ကပ္လိမ္းတဲ့ အခ်ိန္မွာသာ မိတ္ကပ္ဆရာ က်န္တဲ့အခ်ိန္မွာ က အႏုပညာရွင္တိုင္းရဲ႕ ပရိသတ္ပါ က်မက လြယ္လြယ္ေျပာရရင္ေတာ့ ႐ုပ္ရွင္႐ူးမေလးေပါ့ရွင္ ရႈတင္မွာဆုံသမွ် မင္းသာမင္းသမီး ဇာတ္ပို ဇာတ္ရံ ေရာက္ေနတဲ့ ေနရာက ရႉခင္းကစဓါတ္ပုံ႐ိုက္ မွတ္တမ္းတင္ ရတာ က်မဝါသနာပါ ႐ိုက္ထားတဲ့ ပုံေလးေတြ အယ္လဘန္နဲ႔ အမွတ္တရသိမ္းၾကည့္ရတဲ့ အရသာက ဘာနဲ႔မွမလဲႏိုင္ပါဘူး အဲလို အသိမ္းေကာင္းလို႔လဲ ခုလို စကားေျပာေသာပုံေလးေတြ က်န္ေနတာေပါ့ရွင္ အဲ့ေခတ္အဲ့ခါက ဒစ္ဂ်စ္တယ္ကင္မရာမရွိပါဘူး ဖလင္ေခတ္ေပါ့ ကင္မရာ ေလးဝယ္တာ (၁၅၀၀၀) ေပးရပါတယ္ ဓါတ္ခဲ (၂) လုံးအေသးထည့္ရ တယ္ ဖလင္ဝယ္ထည့္ ႐ိုက္ရတာပါ ဓါတ္ပုံ က (၃၀) ေက်ာ္ထြက္ပါတယ္ ဖလင္တလိပ္ကို ကင္မရာဝယ္မိလို႔ အဲ့လမွာ မွတ္မွတ္ရရ အိမ္ကိုပိုက္ဆံမအပ္ႏို င္လို႔ လက္ကေ႐ႊလက္စြပ္ေလးအေပါင္ဆိုင္ပို႔လိုက္ရတယ္ ဒါကေတာ့ ဓါတ္ပုံေတြရဖို႔ အရင္းႏွီးေလးေပါ့ရွင္ ”

” အန္ကယ္ေလး သေဘာေကာင္းတယ္ အစေနာက္သန္တယ္ ေပ်ာ္တတ္တဲ့မင္းသား တစ္ေယာက္ပါ ဒီဓါတ္ပုံ႐ိုက္မယ္ဆိုေတာ့ ကိုယ္ေတြက လည္း အကို႔ပရိသတ္ဆိုေတာ့ ခ်စ္တာေလ ဖက္႐ိုက္ခ်င္တာ ဖက္ခြင့္ရတုန္းဖက္ၿပီး႐ိုက္ခ်ပလိုက္တယ္ ထင္တာ မင္းသားဆို ေတာ့ အိုက္တင္ ေပးမယ္ေပါ့ ကိုယ္ကဖက္ထားတယ္ေပါ့ ႐ိုက္တုန္းက ဒီေခတ္လို ဒစ္ဂ်စ္တယ္ မဟုတ္ေတာ့ ခ်က္ခ်င္းၾကည့္လို႔မရဘူးေလ ဓါတ္ပုံထုတ္တဲ့ ဆိုင္မွာဖလင္သြားအပ္ တပတ္ ေလာက္ခ်ိန္း ရက္ခ်ိန္းျပည့္ မွပုံသြားေ႐ြးရတာေပါ့ရွင္ ပုံလည္းထြက္လာေရာ ပါးစပ္အေဟာင္း သားျဖစ္ပါေလေရာ အန္ကယ္ေလးပုံသာၾကည့္ပါေတာ့ ဒီတိုင္း႐ိုက္ရင္သာ အမွတ္တရ ျဖစ္ခ်င္ ျဖစ္မယ္ ခုပုံေလးကေတာ့တကယ္ အမွတ္တရပါပဲ မိတ္ကပ္သမား လုပ္ေဖာ္ကိုင္ဖက္ေတြ အေပၚ တန္းတူဆက္ဆံႏိုင္တာေတြ႕ရပါလိမ့္မယ္ အန္ကယ္ေလးစိတ္ထားေပ်ာ္တတ္တာ ေလးကို အန္ကယ္ေလး အိမ္ေထာင္က်ၿပီးေတာ့ ပုပၸါးမွာကား႐ိုက္ဆုံျပန္ေရာ အဲ့မွာ အန္ကယ္ေလးဇနီး မစံပယ္ပါလာပါတယ္။ ခ်စ္စရာေကာင္းသလို စိတ္ထားေလးလည္းေကာင္းမွေကာင္း ႐ိုး႐ိုးေအး ေလးပါ ႐ူတင္မွာဆိုလဲ မုန္ေတြဘာေတြကစ မိတ္ကပ္သမားကစ ေကြၽးတက္တဲ့သူေလးပါ အန္ကယ္ေလးနဲ႔လည္းလိုက္ဖက္လြန္းလွပါတယ္ ”

” အဲ့ခ်ိန္အခါက အန္ကယ္ေလးကိုဆံပင္ပိုင္း တာဝန္ယူေပးတဲ့ သူကေတာ့ မိတ္ကပ္ဆံပင္ ပညာရွင္ မာမီစိန္ပါပဲ အန္ကယ္ေလးတို႔မိသားစုက မာမီစိန္အေပၚလည္းမိသားစုလိုပဲ တေလးတစားဆက္ဆံၾကပါတယ္ က်န္စစ္မင္း၊ ခ်စ္ေသာအရိမဒၵနပူရ၏မဟာေအာင္ပြဲ၊ ပုပၸါး႐ြာ သူျမမင္းမူ စေသာ ႐ုပ္ရွင္ဗီဒီ႐ိုကားေပါင္းမ်ားစြာမွာလဲ မာမီစိန္က ကိုယ္လူမင္းရဲ႕ ဆံပင္ကို အထူးျပဳလုပ္ေပးခဲ့ပါတယ္ မာမီစိန္က သင္ဆရာထဲမွာမပါေပမဲ့ ျမင္ဆရာထဲမွာ ပါပါတယ္ အန္ကယ္ေလး ဆံပင္တုတပ္တာေတြၾကည့္ကူရင္း ပညာလည္းရခဲ့ပါတယ္ ယခုခ်ိန္ မွာေတာ့ မာမီစိန္ကြယ္လြန္သြားခဲ့ပါၿပီ မာမီစိန္မကြယ္လြန္ခင္အခ်ိန္ထိလဲ အန္ကယ္ေလးတို႔ မိသားစုက ၾကည့္ရႈေစာင့္ေရွာက္ပါတယ္ အန္ကယ္ေလးဆို က်မကို စ ေနက်ကေတာ့ ဒါဝတ္တဲ့ က်မမွာ ေဘာင္းဘီရွည္ (၂) ထည္ပဲရွိတာေလ ရႈတင္လာရင္ဒါပဲဝတ္ဝတ္လာလို႔ စတာပါ ေပ်ာ္ခဲ့ရပါတယ္ ႐ုပ္ရွင္ဗီဒီ႐ိုကားေပါင္းမ်ားစြာ ဆုံခဲ့ဖူးပါတယ္ ယေန႔ထက္တိုင္လည္း ရႈတင္ေတြမွာေတြ႕ရင္ အကိုတစ္ ေယာက္လို ေနေကာင္းလား အဆင္ေျပလား အၿမဲခ်စ္ခင္လ်က္ ပါပဲ တခါတေလ ကိုယ္မလိုက္ႏိုင္လို႔ တပည့္ေတြရႈတင္လိုက္ရင္လဲ အၿမဲေမးပါတယ္ သတိတရ အမွတ္တရမ်ားစြာပါပဲ အန္ကယ္ေလးေရ မိတ္ကပ္ပညာရွင္ေတြကိုတန္ဖိုးထားတဲ့ အန္ကယ္ေလးနဲ႔ မစံပယ္ မိသားစု ကိုယ္က်န္းမာ စိတ္ခ်မ္းသာပါေစ ” ဆိုၿပီး အန္ကယ္ေလးနဲ႔ အမွတ္တရေတြကိုလည္း ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Nyi Nyi Maung