{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588572679775","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588572648051","source":"other","origin":"unknown"}

ချစ်စရာအရမ်းကောင်းတဲ့ ဟန်ပန်လေးတွေနဲ့သရုပ်ဆောင်ပြထားတဲ့ သားလေးရဲ့ဗီဒီယိုလေးတင်လိုက်တဲ့ မိုးယုစံ

Posted on

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားများ၊ဗီဒီယိုဇာတ်ကားများနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုအပြည့်အဝရရှိခဲ့တဲ့ မင်းသမီးချောလေးမိုးယုစံကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့သားငယ်လေးကောင်းသိင်္ခမိုးသူကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုလေးကို ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ သူမရဲ့ သားလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးပဲဖြစ်ပါတယ်။ သားလေးကို အချိန်အပြည်အဝပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေ မလုပ်ကိုင်ပေမယ့်လည်း နှင်းဆီရင်ခွင်အဖွဲ့နဲ့အတူ အငြိမ့်တွေကို ကလျက်ရှိနေရာ အငြိမ့်ကရာတွင်လည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ကြည့်မိသူတိုင်း အချစ်ပိုရလောက်အောင် အသည်းယားစရာ ဟန်ပန်လေးတွေလုပ်ပြနေတဲ့ သားလေးရဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးယု သားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Moe Yu San 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Moe Yu San