သားလေးရဲ့ (၃) နှစ်ပြည့်မွေးနေ့ကို ဆေးရုံကနေပဲ ဆုမွန်ကောင်းတောင်းပေးလိုက်ရတဲ့ မီးမီးခဲ

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ကင်ဆာဆေးတွေကြောင့် အခြေအနေမကောင်းတော့တဲ့ ညာဖက်ခြေထောက်ကို ကုသဖို့အတွက် ဆေးရုံတက်နေခဲ့ရတာဖြစ်တဲ့ မီးမီးခဲတစ်ယောက် သားလေးရဲ့ (၃) နှစ်ပြည့်မွေးနေ့လေးကို ဆေးရုံပေါ်ကနေပဲ ဆုတောင်းပေးခဲ့ပါတယ်။ ချစ်စရာသားလေးဟာ တစ်မိသားစုလုံးအတွက် မွေးနေ့သီချင်းကိုသီဆိုထားတဲ့ ဗီဒီယိုလေးနဲ့ သူမက မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

သူမကို ဂရုစိုက်ပြီးချစ်ခင်လွန်းတဲ့ခင်ပွန်းအပြင် သားသမီးသုံးယောက်ကြောင့်လည်း ပျော်ရွှင်နေရတဲ့ဘဝလေးမှာ ကင်ဆာရောဂါဆိုး ကြီးကို အားလုံးရဲ့မေတ္တာတွေနဲ့ တွန်းလှန်နိုင်ဖို့ ဆုတောင်းပေးပါတယ် မီးမီးခဲရေ။ သူမရဲ့လတ်တလောကျန်းမာရေးအခြေအနေကတော့ ပုံမှန်အနေအထားမှာပဲရှိနေပြီး မကြာခင်မှာသက်သာသွားဖို့ကိုတော့ အားလုံးက မိသားစုနဲ့ထပ်တူ မျှော်လင့်နေကြပါတယ်။

သားလေးရဲ့မွေးနေ့လေးမှာ ” Happy Birthday Son “Napolion” သားလေး (3) နှစ်ပြည့်တဲ့နေ့မှာ သားနဲ အတူမရှိပေးနိုင်တာကို ဝမ်းနည်းပေမဲ့ သားအတွက် ခွန်းအား အသစ်တွေမွေးပြီ ဆေးရုံကနေ အကောင်းဆုံးကုသမှုတွေခံယူပြီးပြန်လာခဲ့မှာမို့ သားလေး ပျော်ရွှင်ရစေမယ် နော် ဒီကင်ဆာရောဂါဆိုးကြီးနွံကနေရုန်းထွက်နိင်တော့မှာပါသားရယ်. ဒီ birthday သီချင်းလေးကို ဆိုတုန်းက မိသားစု အားလုံးအတွက်သူဆိုထားတာတဲ့ God Bless You ..Son ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – The Real Mee Mee Khal

(ဇော်ဂျီဖြင့်ဖတ်ရန်)

သားေလးရဲ႕ (၃) ႏွစ္ျပည့္ေမြးေန႔ကို ေဆးရံုကေနပဲ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရတဲ့ မီးမီးခဲ

ျပီးခဲ့တဲ့ရက္ပိုင္းေလာက္ကတည္းက ကင္ဆာေဆးေတြေၾကာင့္ အေျခအေနမေကာင္းေတာ့တဲ့ ညာဖက္ေျခေထာက္ကို ကုသဖို႔အတြက္ ေဆးရံုတက္ေနခဲ့ရတာျဖစ္တဲ့ မီးမီးခဲတစ္ေယာက္ သားေလးရဲ႕ (၃) ႏွစ္ျပည့္ေမြးေန႔ေလးကို ေဆးရံုေပၚကေနပဲ ဆုေတာင္းေပးခဲ့ပါတယ္။ ခ်စ္စရာသားေလးဟာ တစ္မိသားစုလံုးအတြက္ ေမြးေန႔သီခ်င္းကို သီဆိုထားတဲ့ ဗီဒီယိုေလးနဲ႔ သူမက ေမြးေန႔ဆုေတာင္းေပးခဲ့တာပါ။

သူမကို ဂရုစိုက္ျပီးခ်စ္ခင္လြန္းတဲ့ခင္ပြန္းအျပင္ သားသမီးသံုးေယာက္ေၾကာင့္လည္း ေပ်ာ္ရႊင္ေနရတဲ့ဘဝေလးမွာ ကင္ဆာ ေရာဂါဆိုးၾကီးကို အားလံုးရဲ႕ေမတၱာေတြနဲ႔ တြန္းလွန္ႏိုင္ဖို႔ ဆုေတာင္းေပးပါတယ္ မီးမီးခဲေရ။ သူမရဲ႕လတ္တေ လာက်န္းမာေရးအေျခအေနကေတာ့ ပံုမွန္အေနအထားမွာပဲရွိေနျပီး မၾကာခင္မွာသက္သာသြားဖို႔ကိုေတာ့ အားလံုးက မိသားစုနဲ႔ထပ္တူ ေမွ်ာ္လင့္ေနၾကပါတယ္။

သားေလးရဲ႕ေမြးေန႔ေလးမွာ ” Happy Birthday Son “Napolion” သားေလး (3) ႏွစ္ျပည့္တဲ့ေန ့မွာ သားနဲ အတူမရွိ ေပးႏိုင္တာကို ဝမ္းနည္းေပမဲ့ သားအတြက္ ခြန္းအား အသစ္ေတြေမြးၿပီ ေဆးရံုကေန အေကာင္းဆံုးကုသမွဳေတြခံယူ ၿပီးျပန္လာခဲ့မွာမို ့ သားေလး ေပ်ာ္ရႊင္ရေစမယ္ ေနာ္ ဒီကင္ဆာေရာဂါဆိုးႀကီးႏြံကေန႐ုန္းထြက္နိင္ေတာ့မွာပါသားရယ္. ဒီ birthday သီခ်င္းေလးကို ဆိုတုန္းက မိသားစု အားလံုးအတြက္သူဆိုထားတာတဲ့ God Bless You ..Son ” ဆိုျပီး ေမြးေန႔ဆု ေတာင္းေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – The Real Mee Mee Khal