ဒီထက်ပိုပြီး ဝိတ်မချချင်တော့ဘူးဆိုတဲ့ အကိတ်မင်းသမီးလေး မေပန်းချီ

Posted on

သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်းတတ်တဲ့ မေပန်းချီတစ်ယောက် ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက် ကြောင်း အလှတွေနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် မေပန်းချီကတော့ ခန္ဓာကိုယ်ဖွံဖွံထွားထွားလေးနဲ့ ချစ်စရာအရမ်း ကောင်းတာကြောင့် အကိတ်လေးလို့ ပရိသတ်တွေကြား ရေပန်းစားနေသူလေးပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကမှာ ရပ်တည်နေတာ အချိန်အတော် ကြာခဲ့ ပြီးဖြစ်ပြီး သူမကို အား ပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြား ပါပဲ။

အနုပညာလမ်းကြောင်းပေါ်မှာ သူမလျောက်လှမ်းနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးမှုလည်း အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ၀၀ကစ်ကစ်လေးနဲ့ ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမကို ဝက်လို့ဝိုင်းစနေကြတဲ့အပေါ် ဝက်လို့အခေါ်ခံရတာ အရေထူနေပြီ လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသား ခဲ့ဖူး ပါတယ် ။ မကြာသေးမီက တေးသံရှင် စည်သူဝင်းရဲ့ ကိတ် ဆိုတဲ့ သီချင်းမှာ သရုပ်ဆောင်ဖို့အတွက် အပြင်းထန် ဝိတ်ချနေ တယ်လို့ သူမရဲ့ပရိသတ်တွေကိုအသိပေးခဲ့ပါသေးတယ် ။ အခုတော့ (၆) ပေါင်တိတိ ကျသွားခဲ့ပြီဖြစ်ပြီး နောက်ထပ် ဒီထက်ပိုပြီး ဝိတ်မချတော့ဘူးလို့ မေပန်းချီက သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်မှာ ရေးသားထားတာတွေ့ရပါတယ် ။

လွန်ခဲ့တဲ့ ၅နှစ်၆နှစ်ကလဲ ဒီဆိုဒ်ပါပဲ ကိုယ်က ကိုယ့်ဘာသာ ဝတယ် ဝတယ် ပြောပြောထားတော့အကျင့်ဖြစ်ကုန်တာ လို့လည်း ပရိသတ်တွေကိုပြောပြထားပါသေးတယ် ။ ပရိသတ်တွေကတော့ ကိတ်တာလေးကိုကြိုက်လို့ဝိတ်မချပါနဲ့လို့ မှတ်ချက်လေးတွေပေးထားကြပါသေးတယ် ။ Cele Zone ပရိသတ်ကြီးရော ကိတ်တာကြိုက်လား ပိန်တာကြိုက်လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : May Panche
Emily (Cele Zone )