ဖေဖေချက်တဲ့ ‌‌ထောပတ်ထမင်းနဲ့ ဒံပေါက်ကို ပန်းကန်ပြောင်အောင် အမုန်းဆွဲနေတဲ့ ဖွေးစိန်လေး

Posted on

မြန်မာ့ ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ဖွေးဖွေးကတော့ မြန်မာပရိသတ်တွေရဲ့ အသည်းကျော်လေးပါ။ သရုပ်ဆောင်လည်းကောင်းသလို ချစ်စရာလည်းကောင်းတဲ့ မင်းသမီးချောလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ထားပြီး အနုပညာလောကမှာ အကယ်ဒမီဆုကြီးတွေကိုလည်း ဆွတ်ခူးထားတဲ့ သူလေးတစ်ယောက်ပါ။

ဖွေးစိန်လေးကို ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အလုပ်မှာဆိုရင် Professionalပီသ သလို အိမ်မှာနေရင်းလည်း ကလေးလေးလို့ အရမ်းကို ချစ်စရာကောင်းပြီး ဖေဖေ မေမေရဲ့ အချစ်ခံသမီးချောလေးတစ်ယောက်ပါ။ အခုလည်း မေမေ့ မွေးနေ့မှာ ဖေဖေ က ထောပတ်ထမင်းနဲ့ ဒံပေါက်ချက်ကျွေးတာကို ပရိသတ်တွေကို စားချင်လာအောင်ကြွားထားတာလေးကို တွေ့ရမှာပါ။

တစ်ယောက်ထဲ အဖေ ချက်ထားတဲ့ ထောပတ်ထမင်းနဲ့ ဒံပေါက်ကို နှစ်ခုလုံးရောပြီး အပီဆွဲနေတဲ့ ချစ်စရာဗီဒီယိုလေးကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ ပရိသတ်တွေ သရေကျအောင် အားရပါးရ ထောပတ်ထမင်းနဲ့ ဒံပေါက်ကို ရောပြီး ကြက်ပေါင်းကို အားရပါးရကိုက်ပြနေတဲ့ ဖွေးစိန်လေးရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ဖွေးစိန်ပရိသတ်တွေအတွက် တင်ပေးလိုက်ပြီနော်…။

Source: Phway’sCheat Day

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



