အနုပညာသက်တမ်းအတွက် နောက်ထပ်အမှတ်တရတစ်ခုဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ Fan Meeting ပုံရိပ်များ

Posted on

ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ကစ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် သူမရဲ့ ချစ်ပရိသတ်ကြီးနဲ့ အတူ Fan Meeting လေးပြုလုပ်ခဲ့ပါတယ် ။ အနုပညာရှင်များစွာက ပါဝင်ကူညီဖျော်ဖြေပေးခဲ့ကြသလို ပရိသတ်တွေအများကြီးက လာရောက်အားပေးခဲ့ကြတဲ့ အဲဒီနေ့လေးကတော့ တကယ်ကိုအမှတ်တရပါပဲ ။ ဒီနေ့မှာတော့ ကစ်ရဲ့အနုပညာ သက်တမ်း အတွက်နောက်ထပ်အမှတ်တရတခု လို့ ‌‌သတ်မှတ်လို့ရတဲ့ Kit Fan Meeting 2019 ကပုံလေးတွေကို သူမက အမှတ်တရအဖြစ်ပရိသတ်တွေကို ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။

တကယ်ကို KFC တွေနဲ့အချိနိတွေအကြာကြီးတွေ့ ပြီးပျော်ခဲ့ရတဲ့ နေ့လေးမို့ ကစ်ကော KFC လေးတွေအတွက် အမှတ်တရပါ။ပွဲမှာ အန်တီ ဒေါ်ခင်ကြည် foundation, အမေများအဖွဲ့အတွက် ပဒေသာပင်အလှူ,မိဘမဲ့ကလေးများ အတွက် အလှူငွေများလည်း လှူဒါန်းနိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိပါတယ် ။ ဝိုင်းဝန်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဖက် လုပ်ငန်းရှင်တွေ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ မေ့မရနိုင်တဲ့ အမှတ်တရ နေ့လေးကို သတိတရနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

အဲဒီနေ့က ဖန်မီတင်လေးကို တက်ရောက်ခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးကတော့ အရမ်းကိုပျော်စရာကောင်းတဲ့ နေ့လေးဖြစ် ခဲ့ကြ ပါတယ်လို့ မှတ်ချက်လေးတွေ ရေးသားထားကြပါတယ် ။ ကစ်ရဲ့ ဖန်မီတင်ကို သွားလိုက်ရသူတွေရော မသွားလိုက်ရသူတွေရော အားလုံးအတွက် Fan Meeting အမှတ်တရပုံလေးတွေကို Cele Zone မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Wutt Hmone Shwe Yee
Emily (Cele Zone )