မန္တလေးက ဝါသနာရှင် တစ်ယောက်ပို့လိုက်တဲ့ သီချင်းလေးကို သဘောကျပြီး ကူညီပေးမယ်ဆိုတဲ့ ယုန်လေး

Posted on

မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဟစ်ဟော့ အဆိုတော် ယုန်လေးကတော့ အမြဲစိတ်ထားကောင်းပြီး အားနည်းသူကို ကူညီတတ်တဲ့သူတစ်ယောက် အဖြစ်ပရိသတ်တွေအားလုံးသိထားပြီးဖြစ်မှာပါ ။ အလှူအတန်းဆိုလည်း လက်မနှေးတတ်သလို ကြိုးစားနေတဲ့ Underground ကလူငယ်တွေကို အမြဲလက်တွဲဖေးမ ခေါ်ဆောင်ပေးလေ့ရှိတဲ့ စိတ်ထားအလွန်ကောင်းတဲ့ အနုပညာရှင် တစ်ယောက်ပါ ။

 

မကြာသေးမီကလည်း လွိုင်ကော်မြို့က လူငယ်ဝါသနာရှင်လေး နှစ်ယောက်ဖြစ်တဲ့ MC ကယားလေးနဲ့ MC ကျားကြီးတို့ နှစ်ယောက်ရဲ့ သီချင်းလေးကို ပြန်လည်ဆန်းသစ်ပြီး ရန်ကုန်မြို့ကို စရိတ်အကုန်ကျခံခေါ်ကာ MTV လေးတပုဒ်ကို မေတ္တာနဲ့သေချာလေး ရိုက်ကူး ပေးပြီး လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ ညီလေး Min Z . ဒီနေ့ Mandalay ကနေRap ဆိုပြီး ပို့လိုက်တယ် စောက်ရမ်း Fine .ဒီ၄ရက် ၅ရက်ဆို သီချင်းလေးတင်ရင် အားပေးကျပါဦးနော် Yone Lay , Min Z , A4 ကျော်စွာ ဆိုတဲ့စာသားလေးနဲ့အတူ လူငယ် ဝါသနာရှင်လေးနှစ်ယောက်ကို ထပ်မံမြေ တောင်ေ မြှာက်ပေးတော့ မှာ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။

အသိပေးစကားလေးနဲ့အတူ Min Z နဲ့ ဗီဒီယိုကောပြောထားတဲ့ ပုံရိပ်လေးကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ် ။ ပရိသတ်တွေကတော့ အမြဲပရဟိတ စိတ်ရှိတဲ့အကို ကျန်းမာချမ်းသာပါစေ အသက်ရာကျော်ရှည်ပါစေ ကိုယ့်ဝါသနာပါရာ ဆထက်တပိုး လုပ်ဆောင်နိုင်ပါစေ လို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးထား ကြတာလည်းတွေ့ရပါတယ် ။

Source : Yone Lay
Emily (Cele Gabar)