ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတဲ့ ဆုမြတ်နိုးဦးရဲ့မိခင်

Posted on

အမြဲတမ်းပျော်ပျော်နေတတ်ပြီး သူငယ်ချင်း BFF သုံးယောက်ပေါင်းကာ တစ်ယောက်ကို တစ်ယောက် အမြဲဆေးထိုး စနောက်နေတတ်တဲ့ ဆုမြတ်နိုးဦးကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပါ ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးထားပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီးသား အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး ။

ဒီနေ့ မေလ (၃) ရက်နေ့မှာတော့ ဆုမြတ်နိုးဦးရဲ့ မိခင်ဖြစ်သူဟာ ရုတ်တရက် ဦးနှောက် သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ပါတယ် ။ မကွယ်လွန်မီ ရက်ပိုင်းလောက်က မိခင်ဖြစ်သူ လေဖြန်းသွားတဲ့အကြောင်းကို ဆုမြတ်နိုးဦးက သူမရဲ့ မိုင်ဒေးမှာရေး သားထား ပါသေးတယ် ။ ဒီနေ့မှာတော့ မမျှော်လင့်ထားဘဲ ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် ပရိသတ်တွေနဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေ အားလုံးက စိတ်ကောင်းစွာနဲ့ ဝမ်းနည်းကြောင်း စာလေးတွေ ရေးသားထားကြတာတွေ့ရပါတယ် ။

အန်တီတစ်ယောက် ကောင်းရာမွန်ရာမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ ချစ်ပရိသတ်ကြီးကလည်း မိခင်ကွယ်လွန်သွားလို့ ဝမ်းနည်းနေမယ့် သူမကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော် ။

Source : Hsu Myat Noe Oo
Emily (Cele Zone )