မိဘမဲ့ကလေးငယ်တွေနဲ့ အမေများအဖွဲ့ကို သွားရောက်လှူတန်းခဲ့တဲ့ ကိုပေါက်တို့ ဇနီးမောင်နှံ

Posted on

အိမ်မှာနေရတဲ့ရက်တွေမှာ Tik Tok တွေ လုပ်ပြီး ပရိသတ်တွေကိုဖျော်ဖြေတတ်တဲ့ ဒါရိုက်တာ ကိုပေါက်တစ်ယောက် မာမီကွတ်ရဲ့ မိဘရဲ့ကလေးတွေအတွက် သွားရောက်လှူတန်းပေးခဲ့ပြီး နောက်မှာတော့ ဝါရင့်သရုပ်ဆောင်အမျိုးသမီးတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ အမေများအဖွဲ့ကို နိုင်သလောက် သွားလှူတန်းခဲ့ပါတယ်။ အသက်ကြီးအနုပညာရှင်အမျိုးသမီးတွေအတွက် ထောက်ပံ့ကြေးအဖြစ်နဲ့ အမေများအဖြစ်ဟာ ပွဲလမ်းသဘင်တွေမှာ ယိမ်းအက က ခဲ့ကြပါတယ်။

 

အခုလို ခက်ခဲနေတဲ့ကာလတွေမှာ ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီဖေးမရင်း တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေအောင် ဖန်တီးပေး နေကြတာလည်း မင်္ဂလာတစ်ပါးပါပဲ။ အနုပညာရှင် တွေအနေနဲ့ အမေများအဖွဲ့ကို ကြည့်ရှုစောင့်ရှောက်ဖို့ မမေ့ပါနဲ့ဆိုပြီး ပြောခဲ့ပါသေး တယ်။ လှမ်းနေတဲ့လက်တိုင်းကို မကမ်းနိုင်ပေမယ့် ကမ်းလိုက်တိုင်းမှာလည်း လှမ်းနေတဲ့လက်တွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ အရေး ကြီးပါတယ်။ ကိုပေါက်ကတော့ လိုအပ်နေသူတွေဆီကို အရောက်သွားပြီး လှူတန်းခဲ့ပါတယ်။

 

ကြည်နူးစရာ အလှူပုံရိပ်လေးတွေကို ” မနေ့ကဖြစ်သည်။ အရှေ့ဒဂုံက မာမီကွတ်ရဲ့ သားသမီး တွေဆီ သွားပြီး ကုသိုလ်ယူ မေတ္တာပေး။ သန်လျှင်က အမေများအဖွဲ့ဆီသွားပြီး ဆန် ဆီ လှူ။ အနုပညာညီအစ်ကိုမောင်နှမ များကိုနှိုးဆောင်ချင်တာက အမေများအဖွဲ့ကို ကြည့်ရှု့ စောင့်ရှောက်ဖို့ မမေ့ကြပါနဲ့နော်။ အမေတွေနဲ့ သာကြောင်းမာကြောင်း ဟိုဟို ဒီဒီ စကားတွေ ပြောကြရင်း အမေတွေဆီက ပြန်ကြားရတဲ့ စကားသံတွေက ကျွန်တော့ရင်ထဲမကောင်းဘူး။ ဘာတွေလဲဆိုတာ ပြောမပြချင် ပါဘူး ကိုယ့်အဖွဲ့သားတွေကို နောက်တစ်ကြိမ်လှူခဲ့ရ တော့ အမေတွေအတွက် မဖြည့်ဆည်းပေး နိုင်ခဲ့ဘူး. ကျွန်တော်စိတ်မကောင်းစွာပြန်ခဲ့ရတယ်။ လောကသားတွေအတွက် ကျွန်တော်ယခု ထက် အများကြီး လှူနိုင်တဲ့အခွင့်အရေးမျိုးရချင်ပါ တယ် အရှင်ဘုရား၊ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Aung Min Naing

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိဘမဲ့ကေလးငယ္ေတြနဲ႔ အေမမ်ားအဖြဲ႕ကို သြားေရာက္လွဴတန္းခဲ့တဲ့ ကိုေပါက္တို႔ ဇနီးေမာင္ႏွံ

အိမ္မွာေနရတဲ့ရက္ေတြမွာ Tik Tok ေတြ လုပ္ျပီး ပရိသတ္ေတြကိုေဖ်ာ္ေျဖတတ္တဲ့ ဒါရိုက္တာ ကိုေပါက္တစ္ေယာက္ မာမီကြတ္ ရဲ႕ မိဘရဲ႕ကေလးေတြအတြက္ သြားေရာက္လွဴတန္းေပးခဲ့ျပီး ေနာက္မွာေတာ့ ဝါရင့္သရုပ္ေဆာင္အမ်ိဳးသမီးေတြ စုေပါင္းျပီး ဖြဲ႕ထားတဲ့ အေမမ်ားအဖြဲ႕ကို ႏိုင္သေလာက္ သြားလွဴတန္းခဲ့ပါတယ္။ အသက္ၾကီးအႏုပညာရွင္အမ်ိဳးသမီးေတြအတြက္ ေထာက္ပံ့ ေၾကးအျဖစ္နဲ႔ အေမမ်ားအျဖစ္ဟာ ပြဲလမ္းသဘင္ေတြမွာ ယိမ္းအက က ခဲ့ၾကပါတယ္။

အခုလို ခက္ခဲေနတဲ့ကာလေတြမွာ ကိုယ္တတ္ႏိုင္တဲ့ဖက္က ကူညီေဖးမရင္း တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္ေျပေအာင္ဖန္တီးေပး ေနၾကတာလည္း မဂၤလာတစ္ပါးပါပဲ။ အႏုပညာရွင္ ေတြအေနနဲ႔ အေမမ်ားအဖြဲ႕ကို ၾကည့္ရႈေစာင့္ေရွာက္ဖို႔ မေမ့ပါနဲ႔ ဆိုျပီး ေျပာခဲ့ပါေသးတယ္။ လွမ္းေနတဲ့လက္တိုင္းကို မကမ္းႏိုင္ေပမယ့္ ကမ္းလိုက္တိုင္းမွာလည္း လွမ္းေနတဲ့ လက္ေတြကို အမိအရဆုပ္ကိုင္ႏိုင္ဖို႔ အေရးၾကီးပါတယ္။ ကိုေပါက္ကေတာ့ လိုအပ္ေနသူေတြဆီကို အေရာက္သြားျပီး လွဴတန္းခဲ့ပါတယ္။

ၾကည္ႏူးစရာ အလွဴပံုရိပ္ေလးေတြကို ” မေန႔ကျဖစ္သည္။ အေရွ႕ဒဂုံက မာမီကြတ္ရဲ႕ သားသမီး ေတြဆီ သြားၿပီး ကုသိုလ္ယူ ေမတၱာေပး။ သန္လွ်င္က အေမမ်ားအဖြဲ႕ဆီသြားၿပီး ဆန္ ဆီ လႉ။ အႏုပညာညီအစ္ကိုေမာင္ႏွမ မ်ားကိုႏႈိးေဆာင္ခ်င္တာက အေမမ်ား အဖြဲ႕ကို ၾကည့္ရႈ႕ ေစာင့္ေရွာက္ဖို႔ မေမ့ၾကပါနဲ႔ေနာ္။ အေမေတြနဲ႔ သာေၾကာင္းမာေၾကာင္း ဟိုဟို ဒီဒီ စကားေတြ ေျပာၾကရင္း အေမေတြဆီက ျပန္ၾကားရတဲ့ စကားသံေတြက ကြၽန္ေတာ့ရင္ထဲမေကာင္းဘူး။ ဘာေတြလဲ ဆိုတာ ေျပာမျပခ်င္ ပါဘူး ကိုယ့္အဖြဲ႕သားေတြကို ေနာက္တစ္ႀကိမ္လႉခဲ့ရေတာ့ အေမေတြအတြက္ မျဖည့္ဆည္းေပး ႏိုင္ခဲ့ဘူး. ကြၽန္ေတာ္စိတ္မေကာင္းစြာျပန္ခဲ့ရတယ္။ ေလာကသားေတြအတြက္ ကြၽန္ေတာ္ယခု ထက္ အမ်ားႀကီး လႉႏိုင္တဲ့အခြင့္အေရး မ်ိဳးရခ်င္ပါ တယ္ အရွင္ဘုရား၊ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Aung Min Naing