ကြည့်မိသူတိုင်းကြည်နူးသွားစေမယ့် သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ ဟာသ ဗီဒီယိုလေး

Posted on

ရန်ကုန်သူနဲ့ထားဝယ်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ (၂) နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေအပြည့်နဲ့ ချစ်ခင်နေကြဆဲပါ။ အသက်ကြီးပေမယ့် ကလေးလေးတစ်ယောက်လို သားဂန်းကို ချွဲတတ်တဲ့ ဘေဘီ့ကိုလည်း သားဂန်းက အကိုကြီးလို ဂရုစိုက်ပြီးချစ်ပေးနေတာပါ။ စိတ်ချရတဲ့ ချစ်သူလေးမို့ ဘေဘီ့ရဲ့အချစ်ရေးကတော့ သာယာပျော်ရွှင်နေပါတယ်။

ဒီနေ့မှာလည်း သားဂန်းတစ်ယောက် ဘေဘီနဲ့ကစားနေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ အမြန်ပြောလိုက်ရင် စကားလုံးတွေရှုပ်ထွေးကုန်ပြီး စကားမပီသလိုဖြစ်တဲ့ မြန်မာစကားလုံးတွေကို အမြန်ပြောတိုင်းကစားနေပြီး ဘေဘီရဲ့ မပီကလာ စကားတွေကြောင့် သားဂန်းတစ်ယောက် သဘောအကျကြီးကျနေခဲ့ပါတယ်။

နှစ်ယောက်သားရဲ့ ကြည်နူးစရာအခိုက်အတန့်လေးတွေကို ” ကျတော်ချစ်တာ မိတ်ကပ်မလိမ်း စကားလေးမပီဘဲ ပြန်ပြန်ရန်တွေ့တတ် တဲ့မိန်းခလေးမျိုး ပွင့်လင်းပြီးရန်တွေ့တာကိုချစ်တာ ရီနေရတယ် မရယ် ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ထားဝယ်သားတွေချစ်ရင် ဘယ်သူမှလိုက်မမှီဘူးဆိုတာ သားဂန်းက သက်သေပဲနော်။

Happy – Cele Zone
Photo – Thar Gan

(ဇော်ဂျီဖြင့်ဖတ်ရန်)

ၾကည့္မိသူတိုင္းၾကည္ႏူးသြားေစမယ့္ သားဂန္းနဲ႔ ေဘဘီေမာင္တို႔ရဲ႕ ဟာသ ဗီဒီယိုေလး

ရန္ကုန္သူနဲ႔ထားဝယ္သားေလးတို႔ရဲ႕အခ်စ္ဇာတ္လမ္းေလးဟာ (၂) ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ျပီ ျဖစ္ျပီး လက္ရွိအခ်ိန္ထိလည္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြအျပည့္နဲ႔ ခ်စ္ခင္ေနၾကဆဲပါ။ အသက္ၾကီးေပမယ့္ ကေလးေလးတစ္ေယာက္လို သားဂန္းကို ခ်ြဲတတ္တဲ့ ေဘဘီ့ကိုလည္း သားဂန္းက အကိုၾကီးလို ဂရုစိုက္ျပီးခ်စ္ေပးေနတာပါ။ စိတ္ခ်ရတဲ့ ခ်စ္သူေလးမို႔ ေဘဘီ့ရဲ႕အခ်စ္ေရးကေတာ့ သာယာေပ်ာ္ရႊင္ေနပါတယ္။

ဒီေန႔မွာလည္း သားဂန္းတစ္ေယာက္ ေဘဘီနဲ႔ကစားေနတဲ့ ဗီဒီယိုေလးကို လူမႈကြန္ယက္မွာ ေဝမွ်ခဲ့ပါတယ္။ အျမန္ေျပာ လိုက္ရင္ စကားလံုးေတြရႈပ္ေထြးကုန္ျပီး စကားမပီသလိုျဖစ္တဲ့ ျမန္မာစကားလံုးေတြကို အျမန္ေျပာတိုင္းကစားေနျပီး ေဘဘီရဲ႕ မပီကလာစကားေတြေၾကာင့္ သားဂန္းတစ္ေယာက္ သေဘာအက်ၾကီးက်ေနခဲ့ပါတယ္။

ႏွစ္ေယာက္သားရဲ႕ ၾကည္ႏူးစရာအခိုက္အတန္႔ေလးေတြကို ” က်ေတာ္ခ်စ္တာ မိတ္ကပ္မလိမ္း စကားေလးမပီဘဲ ျပန္ျပန္ရန္ ေတြ႕တတ္တဲ့မိန္းခေလးမ်ဳိး ပြင့္လင္းျပီးရန္ေတြ႕တာကိုခ်စ္တာ ရီေနရတယ္ မရယ္ ” ဆိုျပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ ထားဝယ္သားေတြခ်စ္ရင္ ဘယ္သူမွလိုက္မမွီဘူးဆိုတာ သားဂန္းက သက္ေသပဲေနာ္။

Happy – Cele Zone
Photo – Thar Gan