ရွှေတိဂုံဘုရားရှေ့က ကြံရည်ရောင်းတဲ့ Rapper လေးကို စတူဒီယိုခေါ်ပြီး သီချင်းဆိုခွင့်ပြုခဲ့တဲ့ ယုန်လေး

Posted on

ပြီးခဲ့တဲ့လက ယုန်လေးတစ်ယောက် ရွှေတိဂုံဘရားရှေ့မှာ ကြံရည်ရောင်းနေတဲ့ ဘဝသမား Rapper လေးတစ်ယောက်ကို လိုအပ်တဲ့ အဝတ်အစားအသုံးအဆောင်တွေနဲ့ ငွေကြေးအနည်းငယ် ထောက်ပံ့လှူတန်းခဲ့ပါသေးတယ်။ ဝါသနာတူလူငယ်တွေကို လက်လှမ်းမီ သလောက် မြေထောင်မြှောက်ပေးတတ်တဲ့ အကျင့်လေးကတော့ ချစ်စရာပါ။

ဒီနေ့မှာလည်း ယုန်လေးတစ်ယောက် သူအားနေတာနဲ့ A4 ကျော်စွာကိုခေါ်ပြီး စတူဒီယိုမှာ သီချင်းပေးဆိုခိုင်းလိုက်တဲ့အကြောင်း လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ကျော်စွာ့အနေနဲ့ ပထမဆုံးစတူဒီယိုရောက်ဖူးတာဖြစ်လို့ အတော်လေးပျော်နေခဲ့ပြီး အဆိုတော်မိုးမိုး ကလည်း စန္ဒယားတီခတ်ပြီး ကူညီခဲ့ပါသေးတယ်။

ပျော်စရာအခိုက်အတန့်လေးကို ” ကိုယ်လည်း အားနေတာနဲ့ Studio သွားပြီ ကျွန်တော် အခြေခံ လူတန်းစားဘဝတွေ အကြောင်း ရေးထားတဲ့သီချင်းလေးမှာ A4 ကျော်စွာ ကို Rap ပေးဆိုလိုက် တယ် သူတော်တော်ပျော်နေတယ် ပထမဆုံး Studio ရောက်ဖူးတာတဲ့ Moe Moe ကလည်း Piano မေတ္တာဖြင့်ဝင်ရောက်ကူညီ နောက်တစ်ယောက်ထပ်ပါသေးတယ် Rap ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Yone Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေရႊတိဂံုဘုရားေရွ႕က ၾကံရည္ေရာင္းတဲ့ Rapper ေလးကို စတူဒီယိုေခၚျပီး သီခ်င္းဆိုခြင့္ျပဳခဲ့တဲ့ ယုန္ေလး

ျပီးခဲ့တဲ့လက ယုန္ေလးတစ္ေယာက္ ေရႊတိဂံုဘရားေရွ႕မွာ ၾကံရည္ေရာင္းေနတဲ့ ဘဝသမား Rapper ေလးတစ္ေယာက္ကို လိုအပ္တဲ့ အဝတ္အစားအသံုးအေဆာင္ေတြနဲ႔ ေငြေၾကးအနည္းငယ္ ေထာက္ပံ့လွဴတန္းခဲ့ပါေသးတယ္။ ဝါသနာတူလူငယ္ေတြကို လက္လွမ္းမီသေလာက္ ေျမေထာင္ေျမွာက္ေပးတတ္တဲ့ အက်င့္ေလးကေတာ့ ခ်စ္စရာပါ။

ဒီေန႔မွာလည္း ယုန္ေလးတစ္ေယာက္ သူအားေနတာနဲ႔ A4 ေက်ာ္စြာကိုေခၚျပီး စတူဒီယိုမွာ သီခ်င္းေပးဆိုခိုင္းလိုက္တဲ့ အေၾကာင္း လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါတယ္။ ေက်ာ္စြာ့အေနနဲ႔ ပထမဆံုးစတူဒီယိုေရာက္ဖူးတာျဖစ္လို႔ အေတာ္ေလးေပ်ာ္ aနခဲ့ျပီး အဆိုေတာ္မိုးမိုးကလည္း စနၵယားတီခတ္ျပီး ကူညီခဲ့ပါေသးတယ္။

ေပ်ာ္စရာအခိုက္အတန္႔ေလးကို ” ကိုယ္လည္း အားေနတာနဲ႔ Studio သြားၿပီ ကြ်န္ေတာ္ အေျခခံ လူတန္းစားဘဝေတြ အေၾကာင္း ေရးထားတဲ့သီခ်င္းေလးမွာ A4 ေက်ာ္စြာ ကို Rap ေပးဆိုလိုက္ တယ္ သူေတာ္ေတာ္ေပ်ာ္ေနတယ္ ပထမဆံုး Studio ေရာက္ဖူးတာတဲ့ Moe Moe ကလည္း Piano ေမတၱာျဖင့္ဝင္ေရာက္ကူညီ ေနာက္တစ္ေယာက္ထပ္ပါေသးတယ္ Rap ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Yone Lay