တင်ပါးထိဖုံးနေတဲ့ဆံနွယ်ရှည်ကြီးကို တိုတိုလေးဖြစ်အောင်ညှပ်ချပစ်လိုက်တဲ့ စံထိပ်ထားဦး

Posted on

တင်ပါးထိဖုံးနေတဲ့ ဆံနွယ်ရှည်ကြီးကိုပိုင်ဆိုင်ထားတဲ့ထိပ်ထိပ်တစ်ယောက် နောက်ဆုံးမှာတော့ သူမရဲ့ဆံပင်ရှည်ကြီးကို တစ်တောင် လောက်ထိ ညှပ်ချခဲ့ပါတယ်။ မိခင်ဖြစ်သူ မခိုင်လေး ကတော့ ဆံပင်ရှည်ကြီးကိုနှမြောပေမယ့် အသက်ငယ်တဲ့ သမီးလေးက ဆံပင်ကို ထိန်းသိမ်းရတာ ပင်ပန်းနေတာကြောင့် အခုလိုညှပ်ချလိုက်တယ်လို့ဆိုပါတယ်။

ဒီလိုညှပ်ချခဲ့တာဟာ လွန်ခဲ့တဲ့ လပိုင်းလောက်ကဖြစ်ပြီး ထိပ်ထိပ်က ဒီအမှတ်တရလေးကို Tik Tok ကစားထား တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေမေက သမီးဖြစ်သူရဲ့ Tik Tok ဗီဒီယိုလေး တွေကို လူမှုကွန်ရက်မှာဝေမျှပေးခဲ့ပါတယ်။ အမေ့ခြေရာနင်းမယ့် သမီး လေးဟာ အနုပညာအလုပ်တွေကို အနည်းငယ်စလုပ်နေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ကိုတော့ မခိုင်လေးက ခွင့်မပြုသေးပါဘူး။

ဆယ်ကျော်သက်အရွယ်ပဲရှိသေးတဲ့ ထိပ်ထိပ်လေးဟာ မိဘစကားနားထောင်ပြီး လိမ္မာတဲ့ သမီးလေးဖြစ်ကာ မိသားစုကိုလည်း အရမ်းချစ်တတ်ပါသေးတယ်။ မိခင်နဲ့အတူ အင်္ကျီဆင်တူ လေးတွေဝတ်ရင် သားမိလို့မထင်ရပဲ ညီမတွေလိုချစ်စရာကောင်းလွန်းတာပါ။ ထိပ်ထိပ်ကစား ထားတဲ့ ချစ်စရာ Tik Tok လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Khine Thin Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

တင္ပါးထိဖုံးေနတဲ့ဆံႏြယ္ရွည္ႀကီးကို တိုတိုေလးျဖစ္ေအာင္ညႇပ္ခ်ပစ္လိုက္တဲ့ စံထိပ္ထားဦး

တင္ပါးထိဖုံးေနတဲ့ ဆံႏြယ္ရွည္ႀကီးကိုပိုင္ဆိုင္ထားတဲ့ထိပ္ထိပ္တစ္ေယာက္ ေနာက္ဆုံးမွာေတာ့ သူမရဲ႕ဆံပင္ရွည္ႀကီးကို တစ္ေတာင္ေလာက္ထိ ညႇပ္ခ်ခဲ့ပါတယ္။ မိခင္ျဖစ္သူ မခိုင္ေလး ကေတာ့ ဆံပင္ရွည္ႀကီးကိုႏွေျမာေပမယ့္ အသက္ငယ္တဲ့ သမီးေလးက ဆံပင္ကို ထိန္းသိမ္းရ တာ ပင္ပန္းေနတာေၾကာင့္ အခုလိုညႇပ္ခ်လိုက္တယ္လို႔ဆိုပါတယ္။

ဒီလိုညႇပ္ခ်ခဲ့တာဟာ လြန္ခဲ့တဲ့ လပိုင္းေလာက္ကျဖစ္ၿပီး ထိပ္ထိပ္က ဒီအမွတ္တရေလးကို Tik Tok ကစားထား တာပဲျဖစ္ပါတယ္။ ဒီေန႔မွာ ေတာ့ ေမေမက သမီးျဖစ္သူရဲ႕ Tik Tok ဗီဒီယိုေလး ေတြကို လူမႈကြန္ရက္မွာေဝမွ်ေပးခဲ့ပါတယ္။ အေမ့ေျခရာနင္းမယ့္ သမီးေလးဟာ အႏုပညာအလုပ္ေတြကို အနည္းငယ္စလုပ္ေနၿပီျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကား႐ိုက္ဖို႔ကိုေတာ့ မခိုင္ေလးက ခြင့္မျပဳေသးပါဘူး။

ဆယ္ေက်ာ္သက္အ႐ြယ္ပဲရွိေသးတဲ့ ထိပ္ထိပ္ေလးဟာ မိဘစကားနားေထာင္ၿပီး လိမၼာတဲ့ သမီးေလးျဖစ္ကာ မိသားစုကိုလည္းအရမ္း ခ်စ္တတ္ပါေသးတယ္။ မိခင္နဲ႔အတူ အက်ႌဆင္တူ ေလးေတြဝတ္ရင္ သားမိလို႔မထင္ရပဲ ညီမေတြလိုခ်စ္စရာေကာင္းလြန္းတာပါ။ ထိပ္ထိပ္ကစား ထားတဲ့ ခ်စ္စရာ Tik Tok ေလးေတြကို တင္ဆက္ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Khine Thin Kyi