ဘဝမှာလူတိုင်း တစ်ခါလောက်တော့ခံစားဖူးမယ့် အမှတ်တရလေးကို ပြောပြလာတဲ့ နေဒွေး

Posted on

သရုပ်ဆောင်နေဒွေး ကတော့ မိခင်ကိုစိတ်ချမ်းသာအောင်ထားပြီး အမြဲဦးစားပေးတတ်တဲ့ သားလိမ္မာ တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ဖန်လေးတွေကိုလည်း အရမ်းချစ်တတ်တဲ့ မင်းသားတစ်ယောက်ပါ ။ အမြဲစမတ်ကျပြီး ဆွဲဆောင်မှုရှိနေတဲ့ သူ့ရဲ့ပုံရိပ်တွေကြောင့် မိန်းကလေး ပရိသတ်တွေ က သည်းသည်းလှုပ်ဝန်းရံအားပေးနေကြတာပဲဖြစ်ပါတယ် ။

နေဒွေးကတော့ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေနဲ့ အတူ သူ့ရဲ့အမာခံဖန်တွေဖြစ်တဲ့ Naymily တွေကို အမြဲမျှဝေပေးနေကြပါ ။ လတ်တလောမှာတော့ နေဒွေးတစ်ယောက် ကဗျာဆန်ဆန် စာသားအချို့ကိုရေးသားမျှဝေပေးလာခဲ့ပါတယ် ။ ဘဝမှာတခါတော့ခုလိုမျိုးခံစားခဲ့ဖူးကြမှာပါ တစ်ခါမှမခံစားခဲ့ရဖူးဆိုတဲ့သူဟာ လိမ်နေတာပါ အမှတ်တမဲ့မှသည် အမှတ်တရဆီသို့ ဆိုတဲ့စာသားလေးနဲ့အတူ အဆွေးသီချင်းလေးနဲ့ သရုပ်ဖော်ထားတဲ့ သူ့ရဲ့ Tik Tok Video လေးကို ဖေ့ဘုတ်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေက အသည်းကွဲတဲ့ ခံစားချက်ကိုရည်ညွှန်းတယ်ထင်ပြီး မှတ်ချက်တွေရေးသားထားကြပေမယ့် နေဒွေးကတော့ ချစ်သူရည်းစားရယ်မဟုတ်ဖူးနော် မိဘ သူငယ်ချင်း ဆွေမျိုးအကုန်သက်ဆိုင်ပါတယ်ဗျ လို့ပြန်လည်ရှင်းပြထားတာ လည်းတွေ့ရပါတယ် ။ နေဒွေးကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးရော ဒီလိုမျိုးခံစားဖူးကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ..။

Source : Nay Dway
Emily ( Cele Zone )