ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ရဲ့ စကားတစ်ခွန်းကြောင်းပြောင်းလဲလာခဲ့တဲ့ ဓာတ်ပုံဉာဏ

Posted on

နာမည်ကျော်မင်းသမီးခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကတော့ Golden KTK Co., Ltd ရဲ့ Managing Director တစ်ယောက်ဖြစ်ပြီး ဝန်ထမ်းတွေကို အမြဲ ကြည့်ရှုတတ်တဲ့ အလုပ်ရှင်တစ်ယောက်အဖြစ် အားလုံးကချစ်ခင်ကြသလို မိသားစုကိုလည်း အစစရာရာ ပြည့်စုံအောင်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲဖြစ်ပါတယ် ။ အနေအေးသလို ဇနီးနဲ့သမီးလေးကို အရမ်းချစ်တတ်တဲ့ ကိုခန့်နိုင်ကို အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကလည်း ချစ်ခင်ကြတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူးနော် ။

အနုပညာရှင်တစ်ယောက်လို့ ပြောလို့ရတဲ့ ဓာတ်ပုံဉာဏကလည်း ကိုခန့်နိုင်နဲ့ပတ်သက်ပြီး ” ကျွန်တော်ဒီထက်ကောင်းတဲ့ ကားဝယ်စီးနိုင်တယ် ဒါပေမယ့်မဝယ်ဘူး… အဲဒီအစား အလုပ်ထဲကိုပိုက်ဆံထည့်လိုက်ရင် ဝန်ထမ်း(၄၀၀/၅၀၀)ကို ကျနော် အလုပ်ပေးနိုင်မယ် (လွန်ခဲ့တဲ့ ၇/၈နှစ်ခန့်က နိုင်ငံကျော်ရုပ်ရှင်မင်းသမီး အကယ်ဒမီခိုင်သင်းကြည် Khine Thin Kyi ရဲ့ခင်ပွန်း ကို Khant Naing ရဲ့လေးစားလောက်တဲ့စကား… ဒီလိုစကားကိုကြားခွင့်ရတဲ့အတွက်လည်းကျေးဇူးပါကိုခန့်) ဆိုတဲ့ စာသားလေးနဲ့ အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကိုခန့်နိုင်အကြောင်းကို ပို့စ်လေးတစ်ခုရေးသားလာခဲ့ပါတယ် ။

စိတ်သဘောထားဖြူစင်ပြီး အများအကျိုးအတွက် ကြည့်တတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မခိုင်လေး ကတော့ အရမ်းကို ကံကောင်းတဲ့အမျိုးသမီးပါပဲ ပရိသတ်ကြီးရေ..။ Cele Zone ပရိသတ်ကြီးလည်း အခုလိုလေးစားစရာကောင်းတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ကိုခန့်နိုင်ရဲ့ စိတ်ဓာတ်ကို အတုယူကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ။

Source : Nyar Na
Emily (Cele Gabar)