{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588410398837","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588410361899","source":"other","origin":"unknown"}

သူနဲ့ လင်းလင်းတို့ရဲ့ အခွီပုံဟောင်းလေးတွေ အမှတ်တရတင်လိုက်တဲ့ ညီညီမောင်

Posted on

နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကိုတော့ ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင် အဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားသူ တစ်ဦးဖြစ်ပြီး သူရဲ့ ဟာသ Video လေးတွေဟာလည်း သဘောကျစရာ ကောင်းလွန်းပြီး ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာ နောက်ပိုင်းမှာ မိတ်ကပ်ဖန်တီးရှင်အပြင် အနုပညာအလုပ်တွေပါ ပါဝင်လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

ပရိသတ်တွေရယ်မောပျော်ရွှင်စေတဲ့ ချစ်စရာကောင်းပြီး စိတ်ထားပွင့်လင်းတဲ့ သုသုလေးရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အားပေးကြည့်ရှုသူများပြားကာ ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း တွေ့ရပါတယ်နော်။လတ်တလောမှာလည်း အရင်ဆယ်စုနှစ်က လင်လင်းနဲ့ အတူရိုက်ခဲ့တဲ့ အမှတ်တရ အခွီပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးထဲမှာ နှစ်ယောက်လုံးရယ်နေရသလို အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် သုသုနဲ့ လင်းလင်းရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။သုသုတို့နှစ်ယောက်လည်း ဒီထက်မ အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Nyi Nyi Maung 

(ဇော်ဂျီဖြင့်ဖတ်ရန်)

 





Alexus – Cele Zone

Photo – Nyi Nyi Maung