မိသားစု စုံစုံလင်လင်ရှိခဲ့တဲ့ ငယ်ဘ၀ အတိတ်တွေကိုလွမ်းနေတဲ့ ခင်ဇာခြည်ကျော်

Posted on

ခင်ဇာခြည်ကျော်က တော့ နိုင်ငံကျော် ပရိသတ်ချစ်ခင်ရတဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ် ။ ပြည်သူချစ်အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အပြင် ပရိသတ်အားပေး မှုအခိုင်အမာရထားတဲ့ မင်းသမီးကြီးတစ်လက်လည်းဖြစ်ပါတယ် ။ လက်ရှိမှာတော့ သူမရဲ့အနုပညာအမွေကို ဆက်ခံကြမယ့် သားသမီးတွေနဲ့အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ် ။

စင်ဂယ်မားသားဘဝနဲ့ သားသမီးတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သားသမီးတွေကို အဖေလိုရော အမေလိုရော မေတ္တာတွေပေးထားတဲ့ ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်လို့တောင်ဆိုရမှာပါ ။ ဒါကြောင့် လောကဓံကြားမှာ မျောပါမသွားတဲ့ မင်းသမီးရယ်လို့ တင်စားခံခဲ့ရတာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ သူမရဲ့ ငယ်ဘဝကမိသားစု စုံစုံလင်လင် ပျော်ရွှင်နေတဲ့ အမှတ်တရပုံလေးတွေကို ဖေဖေ နဲ့မေမေ ရယ် ဇာလေးရယ်
ငယ် ငယ် က ဓာတ်ပုံလေး တွေ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးကို အမှတ်တရလွမ်းဆွတ်ပြီးမမေ့နိုင်တဲ့ ငယ်ဘ၀ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ မဇာလေးကို ငယ်ငယ်လေးထဲကချောတာပဲ ဆိုတဲ့မှတ်ချက်လေးတွေ ပေးထားကြတာလည်းတွေ့ရပါတယ် ။ မဇာလေးကို ချစ်ခင်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် မဇာလေးရဲ့ ငယ်ဘဝ မိသားစု အမှတ်တရ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Zarchi Kyaw
Emily (Cele Zone )